DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တွင် Non-CDM ဝန်ထမ်းများ ယူနီဖောင်းဝတ်ပြီး ရုံးမတက်ရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
January 30, 2025
ကျုံပျော်တွင် Non-CDM ဝန်ထမ်းများ ယူနီဖောင်းဝတ်ပြီး ရုံးမတက်ရန် စစ်ကောင်စီ ညွှန်ကြား
Donate to DVB

စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က Non-CDM ဝန်ထမ်းတွေကို ယူနီဖောင်းဝတ် ရုံးတက်သွားလာတာ မလုပ်ဖို့ တိုင်းစစ်ကောင်စီကနေ တဆင့် ဌာနဆိုင်ရာ ရုံးအသီးသီးကို ညွှန်ကြားထားတယ်လို့ Non-CDM ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက ကျုံပျော်မြို့နယ်က Non-CDM ဝန်ထမ်းတွေ လုံခြုံရေး အထူးသတိထားဖို့အတွက် ဆိုပြီး ဇန်နဝါရီ ၂၈ ရက်က စတင်ပြီး တာဝန်တွေထမ်းဆောင်ရာမှာ ယူနီဖောင်းတွေဝတ်ဆင် ရုံးမတက်ဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ လုံခြုံရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ ညွှန်ကြားလာတာလို့ ဆိုပါတယ်။

Non-CDM ဝန်ထမ်းတယောက်က “ဟုတ်ပါတယ်၊ မနေ့က ညွှန်ကြားချက် ထွက်လာတာ။ လုံခြုံရေးအခြေအနေကြောင့် လိုအပ်လို့ပဲ ပြောတယ်။ ဒီဘက် စစ်ရိပ်ကြောင့်လို့ ထင်တာပဲ။ အစည်းအဝေးတွေတောင် အွန်လိုင်းကပဲ တက်ရတော့မယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲကို အာရက္ခတပ်တော် (AA) အနေနဲ့ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာပြီလို့ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ အာရက္ခတပ်တော် (AA) ဘက်က ဇန်နဝါရီ ၂၇ ရက်မှာ တရားဝင် သတင်းထုတ်ပြန်ပြီးနောက် ရုံးလုပ်ငန်းစဉ်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် အခုလို ညွှန်ကြားလာတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ကျုံပျော်နဲ့ ရခိုင်ရိုးမ အစပ်မှာ တိုက်ပွဲရှိတယ်လေ။ အချိန်မရွေး တိုက်ကပွဲကနေ မြို့သိမ်းတိုက်ပွဲအဖြစ် AA က လုပ်လာနိုင်တယ်။ ဒါ့ကြောင့်လည်း စကစဘက်က ပြင်ဆင်နေတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေ ယူနီဖောင်းဝတ်ဆင် မသွားလာဖို့ ညွှန်ကြားတာအပြင် ကျုံပျော်မြို့နယ်က ကုန်းလမ်း ရေလမ်း ဂိတ်အဝင်အထွက်တွေကို တင်းကျပ်စွာစစ်ဆေးဖို့၊ အထူးသဖြင့် လက်နက် ခဲယမ်း သယ်ယူမှုမရှိစေရေးနဲ့ ရခိုင်ဘက်ကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ မရောက်ရှိစေဖို့ တင်းကျပ်စွာ ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားကြောင်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013