DVB Logo
Home
အားကစား
ရာသီဝက်တွင် တာဝန်ယူခဲ့သည့်အပေါ် မန်ယူနည်းပြ နောင်တရလိမ့်မည်ဟု ပေါလ်မာဆင် သုံးသပ်
DVB
·
January 27, 2025
ရာသီဝက်တွင် တာဝန်ယူခဲ့သည့်အပေါ် မန်ယူနည်းပြ နောင်တရလိမ့်မည်ဟု ပေါလ်မာဆင် သုံးသပ်
Donate to DVB

အာမိုရင်အနေနဲ့ မန်ယူနည်းပြရာထူးကို ရာသီကုန်ဆုံးချိန်ရောက်မှသာ တာဝန်ယူချင်ခဲ့ပြီး ရာသီဝက်ကာလမှာပဲ တာဝန်ယူလိုက်ရတဲ့အပေါ် နောင်တရနေလိမ့်မယ်လို့ ပေါလ်မာဆင်က ပြောပါတယ်။

နည်းပြအာမိုရင်အနေနဲ့ အသင်းရဲ့ ဆိုးရွားတဲ့အခြေအနေအပေါ် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ မထင်တော့ကြောင်းလည်း ပေါလ်မာဆင်က သုံးသပ်သွားပါတယ်။

နည်းပြအာမိုရင်ဟာ ငယ်ရွယ်တဲ့နည်းပြဖြစ်တာကြောင့် ကမ္ဘာ့အကြီးမားဆုံး အသင်းတသင်းဖြစ်တဲ့ မန်ယူအသင်းကို တာဝန်ယူရာမှာ ဖိအားတွေ များစွာရှိနေကြောင်း အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က ပြောပါတယ်။

ပေါ်တူဂီနည်းပြဟာ မန်ယူအသင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်တာဝန်ယူခဲ့ပြီး  ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၃ ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ယူအသင်းက ဖူဟန်အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013