DVB Logo
Home
မြန်မာသတင်း
လေထုညစ်ညမ်းနေတဲ့ ရန်ကုန်
DVB
·
January 26, 2025
လေထုညစ်ညမ်းနေတဲ့ ရန်ကုန်
1 / 6
Donate to DVB

လေထုအရည်အသွေးတိုင်းတာတဲ့ အဖွဲ့အစည်း IQAir ရဲ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်း တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆင့် ၈ မှာ ရှိနေခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့မနက်ပိုင်းမှာလည်း မြူဆိုင်းခဲ့ပြီး ရန်ကုန်မြို့ခံတွေကတော့ ဒီလို လေထုညစ်ညမ်းတဲ့အကြောင်း သတင်းမှာကြေညာတာတွေ မတွေ့ဘူးလို့ ဆိုပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ဇန်နဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေဟာ ဘန်ကောက်ထက် အခြေအနေပိုဆိုးတယ်လို့ ဆိုထားပါတယ်။

ဘန်ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှုကတော့ ဇန်နဝါရီလ ၂၄ ရက်နေ့က လေထုညစ်ညမ်းမှု အဆင့် ၅ မှာ ရှိခဲ့ပြီး AQI (Air Quality Index- လေထုအရည်အသွေး အညွှန်းကိန်း) ၁၇၅ ရှိခဲ့တာကြောင့် ကျောင်း ၃၀၀ ကျော် ပိတ်ထားခဲ့ရပါတယ်။

ရန်ကုန်မြို့မှာတော့ ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီ လေထုညစ်ညမ်းမှု AQI ညွှန်းကိန်းဟာ ၁၆၉ ဖြစ်ပြီး ဒါဟာ ကျန်းမာရေးအတွက်မကောင်းတဲ့ အနီရောင်အဆင့်အခြေအနေ ဖြစ်ခဲ့ပါတယ်။

လေထုအရည်အသွေးသတ်မှတ်ချက် အနီရောင်အဆင့်ကတော့ ၁၅၁ ကနေ ၂၀၀ အထိဖြစ်ပြီး လူတိုင်းကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

အဆင့် ၁၀၁ ကနေ ၁၅၀ အထိကိုတော့ ခံနိုင်ရည်နည်းသူတွေအတွက် ထိခိုက်စေတဲ့အဆင့်လို့ သတ်မှတ်ပြီး ယေဘုယျကတော့ ကျန်းမာရေးမထိခိုက်ဘူးလို့ ဆိုနိုင်ပါတယ်။

သုညကနေ ၅၀ အထိက အကောင်းဆုံးဖြစ်ပြီး ၅၁ ကနေ ၁၀၀ အထိကတော့ သင့်တော်တဲ့အဆင့် ဖြစ်ပါတယ်။

ရန်ကုန်မြို့နေ ကိုကျော်ကျော်က “လေထုကတော့ ပိုမိုညစ်ညမ်းလာတာပေါ့။ ပိုညစ်ညမ်းလာတဲ့ အကြောင်းရင်းတွေကလည်း အများကြီးပဲ။ လျှပ်စစ်မီးတွေကလည်း မှန်မှန်မရတော့ဘူး။ မှန်မှန် မရတာဖြစ်တဲ့အတွက် မီးစက်တွေပိုမောင်းလာကြတယ်။ စက်ရုံတွေရော၊ အလုပ်ရုံတွေရော အကုန်လုံးပေါ့နော်။ နေရာတိုင်းမှာ မီးစက်တွေမောင်းကြတယ်” လို့ ပြောပါတယ်။

IQAir ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတာဖြစ်ပြီး ရန်ကုန်အတွက်ကတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး၊ ဂျာမနီသံရုံးအပါအဝင် နေရာ ၅ ခုမှာရှိတဲ့ လေထုအရည်အသွေးတိုင်းတာစက်တွေရဲ့ အချက်အလက်တွေကို ရယူထားတာဖြစ်ပါတယ်။

လေထုအရည်အသွေးတိုင်းတာရာမှာ PM 2.5 (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်း)ကို အဓိထားတိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။

ရန်ကုန်လေထုမှာတော့ အဲဒီအမှုန်ပါဝင်နှုန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ချက်ထက် ၁၀ ဆလောက် များနေတာကို တွေ့ရပါတယ်။

၂၀၁၈ ခုနှစ်ကစလို့ Air Quality Yangon ဆိုတဲ့လူငယ်အဖွဲ့တခုက ရန်ကုန်ရဲ့လေထုအရည်အသွေးကို နေ့စဉ်တိုင်းတာဖော်ပြပြီး လေထုအခြေအနေကို လူတွေအာရုံစိုက်လာအောင်လုပ်ခဲ့ကြပါတယ်။

သူတို့က ရန်ကုန်ရဲ့ နေရာ ၁၀ ခုမှာ စက်တွေတပ်ဆင်ပြီး မနက်နဲ့ ညနေတို့မှာ လေထုအ‌ရည်အသွေးကို ထုတ်ပြန်ပေးခဲ့ပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ သူတို့လုပ်ငန်းတွေ ရပ်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013