DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို ရှင်းလင်းပြီး ပါလက်စတိုင်း သန်းချီ ရွှေ့ပြောင်းရန် ထရမ့်ပ် အဆိုပြု
DVB
·
January 26, 2025
ဂါဇာကို ရှင်းလင်းပြီး ပါလက်စတိုင်း သန်းချီ ရွှေ့ပြောင်းရန် ထရမ့်ပ် အဆိုပြု
Donate to DVB

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂါဇာကို ရှင်းလင်းပစ်ပြီး  ပါလက်စတိုင်းတွေကို ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံတွေဆီ ရွှေ့ပြောင်းနေရာချဖို့ လိုလားတယ်လို့ ပြောကြားလိုက်ပါတယ်။ 

ဂါဇာကမ်းမြောင်ကို ရှင်းလင်းပစ်ပြီး အဲဒီက ပါလက်စတိုင်း ၁ သန်းကျော်ကို တခြားနိုင်ငံတွေမှာ အိမ်ရာတွေ တည်ဆောက်၊ ရွှေ့ပြောင်းနေရာချထားဖို့ ဂျော်ဒန်ဘုရင်နဲ့ ပြောကြားခဲ့တယ်လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။ 

ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာအနေနဲ့ နောက်ထပ် ပါလက်စတိုင်းတွေ ထပ်လက်ခံပေးနိုင်မလားလို့ပါ မေးခဲ့တယ်လို ထရမ့်ပ်က ပြောပါတယ်။ 

“ခင်ဗျား နောက်ထပ် လက်ခံပေးနိုင်ရင် ကျုပ်တော့ သဘောကျမှာ၊ အခုကြည့်လိုက်တော့ ဂါဇာကမ်းမြောင်တခုလုံးကို ရှုပ်ပွနေတာပဲ။ တကယ်ကို ရှုပ်ပွနေတာပဲ” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။ 

ပါလက်စတိုင်းတွေကို ဂျော်ဒန် နဲ့ အီဂျစ်က လက်ခံပေးစေချင်ပြီး ဒီကိစ္စကို အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာအယ်လ်စီစီနဲ့ပါ ဆွေးနွေးမယ်လို့   ဆိုပါတယ်။ 

“လူ တသန်းခွဲလောက် အကြောင်းပြောနေတာလေ။ ဒီနေရာကြီး တခုစလုံးကို ရှင်းရမယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပြီး ဒီဒေသမှာ ရာစုနှစ်နဲ့ချီပြီ ပဋိပက္ခတွေဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။ 

“ဘယ်လိုလဲတော့ မပြောတတ်ဘူး။ တခုခုတော့ ဖြစ်မှရတော့မှာ။ ဒါကြီးက လုံးဝ ဖြိုချဖျက်ဆီးထားတဲ့နေရာကြီး ဖြစ်နေပြီ။ အရာအားလုံးနီးပါး ဖြိုချပြီးသွားပြီ။ လူတွေလည်း သေနေရတယ်။ အဲဒီအစား အာရပ်နိုင်ငံတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး အပြောင်းအလဲအတွက် သူတို့တွေလည်း ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရအောင် တခြားနေရာတခုမှာ အိမ်ရာတွေ ဆောက်ပေးဖို့ စဉ်းစားတာပဲ” လို့ ထရမ့်က ဆိုပါတယ်။ 

အဲဒီလို အိမ်ရာဆိုတာဟာ ယာယီလည်း ဖြစ်နိုင်သလို ရေရှည်လည်း ဖြစ်သွားနိုင်တယ်လို့ပါ ထရမ့်ပ်က မှတ်ချက်ပေးပါတယ်။  

ဒါပေမဲ့ ဂါဇာစစ်ပွဲ စကတည်းက အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတွေဟာ ပါလက်စတိုင်းတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်းတာကို အာရပ်ကမ္ဘာရဲ့ ကိုယ်စား ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ 

၁၉၄၈ စစ်ပွဲနောက်ပိုင်း ဂျော်ဒန်နိုင်ငံဟာ ပါလက်စတိုင်းဒုက္ခသည်တွေကို လက်ခံခဲ့ရပြီး၊ အီဂျစ်ကတော့ ဂါဇာက ပါလက်စတိုင်းတွေကို သူ့ပိုင်နက်ထဲ ရွှေ့ပြောင်းတာဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်နေပါတယ်။ 

စစ်ပွဲအစမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီအကြံကို တင်ပြခဲ့စဉ်က အီဂျစ်သမ္မတက အစ္စရေးနဲ့ အီဂျစ်ကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိခိုက်စေမယ့်ကိစ္စဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013