DVB Logo
Home
မြန်မာသတင်း
ရခိုင်ရိုးမပေါ်တွင် တိုက်ပွဲပြင်းထန်၊ ကမြင်းကန်တပ်စခန်းကို AA သိမ်းပိုက်
DVB
·
January 24, 2025
ရခိုင်ရိုးမပေါ်တွင် တိုက်ပွဲပြင်းထန်၊ ကမြင်းကန်တပ်စခန်းကို AA သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်၊ အမ်းမြို့နယ်နဲ့ ငဖဲမြို့နယ် အစပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းတခုဖြစ်တဲ့ ကမြင်းကန်တပ်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး ရိုးမတလျှောက်မှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကမြင်းကန်စခန်းကို ဇန်နဝါရီ ၂၁ ရက်မှာ အာရက္ခတပ်တော်က သိမ်းပိုက်လိုက်တာဖြစ်ပြီး လက်ရှိမှာ ကြက်ရေစမ်းအနီး တိုက်ပွဲဖြစ်ပွားနေကြပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ ခုခံနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ကမြင်းကန် တပ်စခန်းကတော့ AA လက်ထဲ ကျသွားပြီ။ လက်ရှိ ကြက်ရေစမ်းနဲ့ ပိန်းရေစမ်းဘက်မှာ တိုက်ပွဲပြင်းနေတယ်လို့ သိရတယ်။ စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်မှုတွေတော့ ရှိတယ်။ မြေပြင်တပ်တွေကတော့ AA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ပူးပေါင်းတိုက်ခိုက်နေကြတာကြောင့် အကျအဆုံးတွေများပြီး ထွက်ပြေးနေကြရတယ်။”

အမ်းမြို့နယ်ရှိ ကမြင်းကန်၊ ကြက်ရေစမ်း၊ ပိန်းရေစမ်းကျေးရွာအနီး၊ အမ်း-ပဒါန်း ကားလမ်းမအနီး စစ်ကောင်စီရဲ့ တပ်မ ၈၈၊ ၉၉ လက်အောက်ခံတပ်ရင်းတွေ၊ မကွေး ကပစက တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ တပ်ရင်းတွေနဲ့ ဇန်နဝါရီ ၁၁ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ကြတာ ဖြစ်တယ်လို့ အာရက္ခတပ်တော်က ဇန်နဝါရီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်နေကြတဲ့ ကြက်ရေစမ်း၊ ပိန်းရေစမ်း ကျေးရွာအနီးက စစ်ကောင်စီ တပ်စခန်းတွေဟာ အမ်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးတပ်စခန်းတွေဖြစ်ကြပြီး နပခ ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် နယ်စပ်တခုလုံးထိန်းချုပ်ဖို့ AA က ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် မကွေးတိုင်းဘက်က စစ်ကူပို့နေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကိုလည်း မကွေးတိုင်း ငဖဲမြို့နယ်အတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကားတစီး ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးပြီး ၈ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ PRA-Magway ရဲ့ ဇန်နဝါရီ ၂၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလအတွင်း ရခိုင်-မကွေး နယ်စပ် တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ခမရ ၁၁၃ တပ်ရင်းက ဗိုလ်ကြီး ၂ ယောက် အပါအဝင် ၁၂ ယောက် အရှင်ဖမ်းမိနိုင်ခဲ့ပြီး နောက်ထပ် ဗိုလ်ကြီး ၂ ယောက်၊ အရာခံဗိုလ်တယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့သလို ၆၀ မမ စိန်ပြောင်းတလက်၊ လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ PRA-Magway က ပြောထားပါတယ်။

အာရက္ခတပ်တော်က ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်း မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး မကွေး၊ ပဲခူးနဲ့ ဧရာဝတီအထိ စစ်ရေးချဲ့ထွင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013