DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို အကူအညီပေးရေး ကုန်ကားစီးရေ ၂,၄၀၀ ကျော် ဝင်ရောက်
DVB
·
January 23, 2025
ဂါဇာကို အကူအညီပေးရေး ကုန်ကားစီးရေ ၂,၄၀၀ ကျော် ဝင်ရောက်
Donate to DVB

အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး တတိယမြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၁ ရက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ထရပ်ကား အစီး ၉၀၀ နီးပါး ဂါဇာကမ်းမြောင်ဆီ ဝင်လာခဲ့တယ်လို့ ကုလသမဂ္ဂ အကြီးတန်းအရာရှိတယောက်က ပြောပါတယ်။

နောက်ဆုံးရောက်လာတဲ့ ကုန်ကားအရေအတွက်ပါ ထပ်ပေါင်းရင် ၃ ရက်တာအတွင်း စုစုပေါင်း ကုန်ကားအစီးရေ ၂,၄၀၀ ကျော် ဂါဇာကမ်းမြောင်ထဲ ရောက်လာတာလို့ ဆိုပါတယ်။

အစ္စရေးရဲ့ စစ်ရေးစစ်ဆင်ရေးနဲ့ ပြဿနာတွေ ရင်ဆိုင်နေရချိန်မှာ ဂါဇာကမ်းမြောင်အပေါ် အစ္စရေးရဲ့ ကန့်သတ်ချက်တွေနဲ့ မကြာသေးမီက လက်နက်ကိုင်ဂိုဏ်းတွေရဲ့ လုယက်မှုတွေကြားမှာ ၁၅ လကြာ စစ်ပွဲတလျှောက်လုံးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုကို အခွင့်အရေးကောင်းအဖြစ် ကုလသမဂ္ဂက ဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းဒေသက ကုလသမဂ္ဂ အကူအညီပေးရေး ထိပ်တန်းအရာရှိ မူဟန်နဒ် ဟာဒီကတော့ လွန်ခဲ့တဲ့ ၃ ရက်အတွင်း လုယက်မှုအသေးစားဖြစ်ရပ်တွေ ရှိခဲ့ပေမဲ့ အရင်ကလို မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒါဟာ စနစ်တကျ ရာဇ၀တ်မှု မဟုတ်ပါဘူး။ ကလေးတွေက အစားအသောက်တောင်းဖို့ ကြိုးစားရင်း ကုန်ကားတွေပေါ်ကို ခုန်ချခဲ့ပါတယ်။ တခြားသူတွေကလည်း ရေသန့်ဘူးတွေယူဖို့ ကြိုးစားခဲ့ကြပါတယ်” လို့ ပါလက်စတိုင်းနယ်မြေဆီ အင်္ဂါနေ့က သွားကြည့်ပြီးတဲ့နောက် သတင်းထောက်တွေကို ပြောပါတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ ဂါဇာကလူတွေအားလုံးအတွက် လုံလောက်တဲ့ အကူအညီတွေ ရနိုင်မယ်ဆိုတာ သဘောပေါက်ပြီးတာနဲ့ ဒီအရာတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဂါဇာကမ်းမြောင်ဆီ ကယ်ဆယ်ရေးကုန်ကား ၈၉၇ စီး ဝင်ရောက်ခဲ့တယ်လို့ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အာမခံပေးသူတွေဖြစ်တဲ့ အမေရိကန်၊ အီဂျစ်နဲ့  ကာတာနိုင်ငံတို့ဆီက ရတဲ့ အချက်အလက်တွေကို ကိုးကားပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013