DVB Logo
Home
အားကစား
ချန်ပီယံလိဂ်မှ မန်စီးတီးထွက်ခွါရပါက အရှက်ရစရာဖြစ်လိမ့်မည်ဟု ဖာဒီနန် ပြော
DVB
·
January 23, 2025
ချန်ပီယံလိဂ်မှ မန်စီးတီးထွက်ခွါရပါက အရှက်ရစရာဖြစ်လိမ့်မည်ဟု ဖာဒီနန် ပြော
Donate to DVB

ဥရောပချန်ပီယံလိဂ်ကနေ မန်စီးတီးအသင်း ထွက်ခွါရမယ်ဆိုရင် အရှက်ရစရာ ဖြစ်လိမ့်မယ်လို့ အင်္ဂလန် နောက်ခံလူဟောင်း ဖာဒီနန်က ပြောသွားပါတယ်။

မန်စီးတီးအသင်းဟာ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက ကစားသွားတဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ၃၆ သင်း ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်စနစ်သစ် ပြိုင်ပွဲမှာ အဆင့် ၂၅ အထိ ရောက်ရှိသွားတာပါ။

လိဂ်ပြိုင်ပွဲပုံစံ ကျင်းပတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ ကနေ ၈ အထိ အသင်းတွေက ၁၆ သင်းအဆင့် တက်ရောက်ခွင့်ရပြီး အဆင့် ၉ ကနေ ၂၄ အထိ အသင်းတွေက ၁၆ သင်း အဆင့်အတွက် ပလေးအော့ဖ်ကစားသွားရမှာ ဖြစ်ပါတယ်။ အဆင့် ၂၅ ကနေ ၃၆ ထိ အသင်းတွေကတော့ ပြိုင်ပွဲကနေ ထွက်ခွါသွားရမှာပါ။

မန်စီးတီးအနေနဲ့ ပြိုင်ပွဲကနေ ထွက်ခွါရမယ်ဆိုရင် ရှက်စရာဖြစ်ပြီး အနည်းဆုံး ရှုံးထွက်အဆင့် တက်ရောက်သင့်ကြောင်း ဖာဒီနန်က သုံးသပ်ပါတယ်။

လက်ကျန်တပွဲအလိုမှာ အဆင့် ၂၅ ရောက်နေတဲ့ မန်စီးတီးအသင်းဟာ ကလပ်ဘရုဂျက်နဲ့ နောက်ဆုံးပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တဲ့အပြင် ပြိုင်ဘက်အသင်းတွေလည်း အမှတ်လျော့မှသာ နောက်တဆင့်မျှော်လင့်ခွင့် ရှိတော့မှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013