DVB Logo
Home
နိုင်ငံတကာ
အီဂျစ်နယ်စပ်မှတဆင့် ဂါဇာဆီ အကူအညီများ ပိုမိုရောက်ရှိ
DVB
·
January 21, 2025
အီဂျစ်နယ်စပ်မှတဆင့် ဂါဇာဆီ အကူအညီများ ပိုမိုရောက်ရှိ
Donate to DVB

ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ပြီးတဲ့နောက် ဇန်နဝါရီ ၁၉ ရက်မှာ အီဂျစ်နိုင်ငံ ရာဖှာနယ်စပ် ဖြတ်ကျော်ရေးစခန်းကနေတဆင့် ကယ်ဆယ်ရေးကုန်ကားတွေ ဂါဇာမြို့ဆီ ဆက်တိုက် ရောက်လာနေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က တနင်္ဂနွေနေ့မနက်မှာ စတင်ဖြတ်ကူးလာတယ်လို့ ပြောပါတယ်။

ကနဦး သီတင်းပတ် ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လောင်စာဆီ တင်ဆောင်လာတဲ့ ဆီတင်ကား အစီး ၅၀ အပါအဝင် ဂါဇာကမ်းမြောင်ဒေသအတွက် နေ့စဉ် အကူအညီ ကုန်ကား အစီးရေ ၆၀၀ လိုပါတယ်။

ကယ်ဆယ်ရေးကုန်ကား အစီး ၆၀၀ ထဲက တဝက်ကို ဂါဇာကမ်းမြောင် မြောက်ပိုင်းဆီ ပို့ဆောင်မှာဖြစ်ပြီး အစာရေစာ ခေါင်းပါးမှု ကြုံတော့မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထား ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့ရွာတွေကို ဟားမတ်စ်တွေက စီးနင်းတိုက်ခိုက်ခဲ့လို့ လူ ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော်ကို ဖမ်းမိပြီးနောက် အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲစတင်ခဲ့တယ်လို့ အစ္စရေးစာရင်းတွေက ဖော်ပြထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို လွင်တီးခေါင်ဖြစ်တဲ့အထိ အစ္စရေးက တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်း ၄၇,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နယ်မြေထဲက ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အနီးနားက လူဦးရေ ၂ ဒသမ ၃ သန်း နီးပါးဟာလဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ အစ္စရေး စစ်သားအယောက် ၄၀၀ လောက်လည်း သေဆုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013