DVB Logo
Home
အားကစား
လီဗာပူးက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ဟု ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ခ် ချီးကျူး
DVB
·
January 19, 2025
လီဗာပူးက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ဟု ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ခ် ချီးကျူး
Donate to DVB

လီဗာပူးအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ကြောင်း ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ်ဖရန့်ခ် က ချီးကျူးသွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းဟာ  လီဗာပူးအသင်းကို  ပွဲပြီးခါနီးကျမှ ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲနဲ့ပတ်သက်ပြီး  ဘရန့်ဖိုဒ်နည်းပြ ဖရန့်ခ်က   ပြိုင်ဘက် လီဗာပူးကို  ချီးကျူးသွားခဲ့တာပါ။

မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေကို မကြာသေးတဲ့ ရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး လီဗာပူးရဲ့ခြေစွမ်းက တခြား ၂ သင်းရဲ့အထက်မှာရှိတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်သလို ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်လို့လည်း နည်းပြ သောမတ်စ်ဖရန့်ခ်က ချီးကျူးပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရဖို့ လီဗာပူးအသင်းက အလေးသာနေကြောင်း ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်စ်က ချီးကျူးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013