DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် စစ်မှုထမ်းဥပဒေကြောင့် နှစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော် အဖမ်းခံရ
DVB
·
January 17, 2025
မန္တလေးတွင် စစ်မှုထမ်းဥပဒေကြောင့် နှစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော် အဖမ်းခံရ
Donate to DVB

အခုနှစ် ဇန်နဝါရီလ တလအတွင်းမှာပဲ စစ်မှုထမ်းဥပဒေကြောင့် နှစ်ပတ်အတွင်း မန္တလေးမြို့မှာ လူငယ် ၁၂၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။ 

မန္တလေးမြို့ ရှိ မြို့နယ် ၇ ခုမှာ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်လာတာပါ။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက ဒီမိုကရေစီနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ဆိုက်ဘာ လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက် ဖမ်းဆီးမှုတွေ ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။

လူငယ်တွေကို ပစ်မှတ်ထားပြီး ဖုန်းတွေကို စစ်ဆေးကာ မတရားဖမ်းဆီးတာ၊ ငွေတောင်းခံတာတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်နေတယ်လို့  မန္တလေးသပိတ် အင်အားစုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့်လည်း လူငယ်တွေဟာ နေ့ညမရွေး ဖမ်းဆီးခံနေရပြီး အခြေခံလူတန်းစားလူငယ်တွေကို ပိုပြီးပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံလူထုတရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို အသက်သွင်းလာခဲ့ရင်  လူထုဆန္ဒသဘောထားတွေကို ထင်ဟပ်စေမယ့် ရရာနည်းလမ်းတွေနဲ့ ဆန့်ကျင်တွန်းလှန်သွားကြဖို့ အရေးကြီး လိုအပ်ပါတယ်လို့ မန္တလေးသပိတ်အင်အားစုက တိုက်တွန်းပြောဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013