DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို အစ္စရေး ဆက်လက်တိုက်ခိုက်မည်ကို တူရကီ စိုးရိမ်
DVB
·
January 17, 2025
ဂါဇာကို အစ္စရေး ဆက်လက်တိုက်ခိုက်မည်ကို တူရကီ စိုးရိမ်
Donate to DVB

အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အရင်နေ့ကပဲ ရရှိထားပေမဲ့ ဂါဇာကမ်းမြောင်ကို အစ္စရေးက ဆက်လက်တိုက်ခိုက်နေမှာကို စိုးရိမ်မိကြောင်း တူရကီသမ္မတ ရီဆတ် တာယစ် အာဒိုဂန်က ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

အာဒိုဂန်ဟာ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုခဲ့ပြီး ဒီသဘောတူညီချက်ဟာ အစ္စရေးရဲ့ ဖိနှိပ်မှုတွေကို ၄၆၇ ရက်ကြာ စိတ်ရှည်ရှည်နဲ့ တွန်းလှန်ခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း ညီအစ်ကိုအားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ကြောင်းနဲ့ သဘောတူညီချက်ကို ရရှိအောင် ကူညီပေးခဲ့ကြတဲ့ အထူးသဖြင့် ကာတာနဲ့ အီဂျစ်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း အန်ကာရာကို ရောက်ရှိနေတဲ့ မွန်ဂိုလီးယားသမ္မတနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒါပေမဲ့ သဘောတူညီချက် ရထားပြီးသားကို အစ္စရေးက တိုက်ခိုက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဆက်ရှိနေတယ်ဆိုတဲ့ အချက်ကြောင့် စိုးရိမ်မှုတွေ တိုးနေရပြီး အစ္စရေး အစိုးရကိုလည်း ဒီသဘောတူညီချက်ကို ချိုးဖောက်ပြီး အမြတ်ထုတ်ခွင့် မပြုသင့်ဘူးလို့လည်း ဆိုပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အများစုပါဝင်တဲ့ အာဇာနည် ၅၀,၀၀၀ ကျော်ကို ဆုံးရှုံးခဲ့ရပေမဲ့ ဂါဇာဟာ လက်နက်မချ၊ အသိမ်းပိုက်မခံဘဲ ဂါဇာဒေသခံတွေဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ခုခံခဲ့ပြီး “ဦးညွှတ်ခဲ့ခြင်း” မရှိကြောင်းလည်း ပြောပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ ဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်ရတဲ့ ကြီးကြီးမားမား အပျက်အစီးတွေကို ဖယ်ရှားရေးနဲ့ ဒေသတွင်းကို လူသားချင်းစာနာမှု အကူအညီတွေကို အနှောင့်အယှက်မရှိ ပို့ဆောင်ပေးနိုင်ဖို့လည်း လိုအပ်ကြောင်း သူကဆိုပါတယ်။

အစ္စရေးက ဟားမတ်စ်နဲ့ အပစ်အခတ်ရပ်စဲရေး အတည်ပြုဖို့ ကြာသပတေးနေ့မှာ အစိုးရအဖွဲ့ အစည်းအဝေးကျင်းပဖို့ ရွှေ့ဆိုင်းထားကြောင်း ပြောကြားပြီး စစ်သွေးကြွအဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။

အစ္စရေးရဲ့ ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ လူ ၇၇ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013