DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်သဘောတူစာချုပ်ကို အစ္စရေးလုံခြုံရေးဝန်ကြီး ကန့်ကွက်
DVB
·
January 17, 2025
ဂါဇာ အပစ်ရပ်သဘောတူစာချုပ်ကို အစ္စရေးလုံခြုံရေးဝန်ကြီး ကန့်ကွက်
Donate to DVB

အစ္စရေးရဲ့ သဘောထားတင်းမာတဲ့ အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir က သူ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတဲ့ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အတည်ပြုမယ်ဆိုရင် ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အစိုးရကနေ နုတ်ထွက်မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

သူဟာ နေတန်ယာဟုရဲ့ အစိုးရကို ဖြုတ်ချဖို့ နုတ်ထွက်တာမဟုတ်ဘဲ အစိုးရနဲ့ ဆန့်ကျင်လုပ်ဆောင်တာမျိုး မလုပ်ပေမဲ့ ဟားမတ်စ်နဲ့ အကြမ်းဖက်မှုတွေအတွက် ကြီးကြီးမားမား ဆုလာဘ်ပေးမယ့် မဆင်မခြင် သဘောတူညီချက်ကို အတည်ပြုမယ့် အစိုးရရဲ့ တစိတ်တပိုင်းတော့ အဖြစ်မခံဘူးလို့လည်း ပြောဆိုပါတယ်။

တကယ်လို့ ဟားမတ်စ်စစ်ပွဲကို သက်တမ်းပြန်တိုးမယ်ဆိုရင် ဝန်ကြီးချုပ်ကို သူပြောထားတဲ့အတိုင်း စစ်ပွဲရဲ့ အောင်မြင်မှုမရတဲ့ ပန်းတိုင်တွေကို ဆုံးဖြတ်ပြီး နားလည်သိရှိစေဖို့ အင်နဲ့အားနဲ့ အစိုးရဆီ ပြန်လာခဲ့မယ်လို့ အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး ဘန် ဂျီဗီယာက ဆိုပါတယ်။

ဟားမတ်စ်အကြိုက် လိုက်လျောထားတဲ့ လက်ရှိသဘောတူညီချက်ဟာ သူတို့ကို တိုက်ခိုက်ဖို့၊ ဖောက်ခွဲဖို့၊ ပြန်ပေးဆွဲဖို့နဲ့ သူတို့လိုချင်တာကို ရယူဖို့ ခွင့်ပြုပေးနေတာပဲလို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက်က ဂျေရုဆလင်မြို့တော်မှာလည်း ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ အစ္စရေးပြည်သူတွေဟာ ခေါင်းတလားပုံသဏ္ဌာန်လုပ်ကာ ဟားမတ်စ်ကို အလျှော့မပေးဖို့ အစိုးရကို တောင်းဆိုပြီး မြို့တွင်းလမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပါတယ်။

ကျဆုံးသွားခဲ့ကြတဲ့ အစ္စရေးစစ်သားတွေရဲ့ မိသားစု ၃၀၀ လောက် ပါဝင်တဲ့ ‘ဗဲရား ဖိုရမ်’ အုပ်စုက ဒီသဘောတူညီချက်ကို ဆန့်ကျင်ကြတာဖြစ်ပြီး ဟားမတ်စ်နဲ့ သဘောတူညီချက်အရ နောက်ထပ် အစ္စရေးစစ်သားများစွာ သေဆုံးစေမှာကို စိုးရိမ်ကြောင်း ရိုက်တာကို ပြောကြပါတယ်။

အစ္စရေးမီဒီယာတွေမှာ အစိုးရအဖွဲ့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေး သဘောတူညီချက်ကို အတည်ပြုဖို့ ဇန်နဝါရီ ၁၇ ရက်မှာ မဲခွဲဆုံးဖြတ်ဖွယ်ရှိကြောင်း အစောပိုင်းမှာ ဖော်ပြခဲ့ပေမဲ့လည်း အစ္စရေး အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်ရုံးတို့က အဲဒီသဘောတူညီချက်ကို တရားဝင် အတည်ပြုခြင်း မရှိသေးပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013