
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ဟာမာဟယ်ရာကျွန်းက အီဘူမီးတောင်နားမှာ နေထိုင်တဲ့ ဒေသခံ အယောက် ၃,၀၀၀ ကို အာဏာပိုင်တွေက ရွှေ့ပြောင်း ကယ်ဆယ်နိုင်ပြီလို့ သဘာဝဘေးအန္တရာယ် အေဂျင်စီက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
အခုသီတင်းပတ်အတွင်း မီးတောင်ပေါက်ကွဲခဲ့လို့ ထူထပ်တဲ့ မီးခိုးပြာတိမ်တိုက်တွေ ကောင်းကင်အထက် ၂ မိုင်ခွဲအထိ လွှတ်ထုတ်ခဲ့တာပါ။
အီဘူမီးတောင်ဟာ ဇန်နဝါရီ ၁၅ ရက် မနက်မှာ ၂ မိနစ်လောက် ပေါက်ကွဲခဲ့အပြီး အာဏာပိုင်တွေက အနီးနားက ဒေသတွေမှာ သတိပေးချက်အဆင့်ကို အပြင်းထန်ဆုံးထိ မြှင့်တင်ဖို့ ဖိအားပေးခဲ့တယ်လို့ အင်ဒိုနီးရှားမီးတောင် အေဂျင်စီက ပြောပါတယ်။
မီးတောင်နဲ့နီးလို့ ဦးစားပေးလုပ်ဆောင်နေရတဲ့ ဒေသတဝိုက်မှာ လူအယောက် ၃,၀၀၀ လောက်ကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက ပြောရေးဆိုခွင့်ရှိသူ အဗ်ဒူမူဟာရီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကမ္ဘ့ာကျောက်လွှာချပ်ကြီးတွေရဲ့ အနားသတ်တွေ စုဆုံတဲ့နေရာပေါ်မှာ တည်ရှိပါတယ်။
အသက်ဝင်နေတဲ့ မီးတောင် ၁၂၇ လုံးရှိနေပြီး မတူညီတဲ့ မီးတောင်တွေ ဆက်တိုက်ပေါက်ကွဲပြီးတဲ့နောက် အီဘူမီးတောင်က ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
Source : Reuters