
NATO နိုင်ငံတွေဟာ ဘောလ်တစ်ပင်လယ်အတွင်း ဖရီးဂိတ်စစ်သင်္ဘောတွေ၊ ကင်းလှည့်လေယာဉ်တွေနဲ့ ရေတပ် လက်အောက်ခံ မောင်းသူမဲ့လေယာဉ်တွေကို ဖြန့်ကြက်ချထားမယ်၊ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့နဲ့ လုံခြုံရေးခြိမ်းခြောက်မှုလို့ သံသယရှိတဲ့ သင်္ဘောတွေကို အရေးယူပိုင်ခွင့်ကို အသင့် ပြင်ထားတယ်လို့ မဟာမိတ်အဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
NATO မဟာမိတ်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်မှုကြောင့် ဓာတ်အားကြိုးတွေ၊ တယ်လီကွန်းချိတ်ဆက်မှုတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပျက်စီးသွားတာကို တုံ့ပြန်တဲ့အနေနဲ့ ဘောလ်တစ် ကင်းသမားလို့ နာမည်ပေးထားတဲ့ အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်နေပါတယ်။
ဖင်လန်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လက ရုရှားရေနံတွေ တင်လာတဲ့ ရေနံတင်သင်္ဘောတစင်းကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီသင်္ဘောဟာ ဖင်လန်နဲ့ အဲ့စ်တိုးနီးယားကြား ပြေးဆွဲထားတဲ့ အဲ့စ်ထ်လင့်ခ်တူး ဓာတ်အားလိုင်းနဲ့ တယ်လီကွန် ကေဘယ်ကြိုး ၄ ခုကို ပင်လယ်ကြမ်းပြင်ဆီ ဆွဲချကာ ကျောက်ဆူးနဲ့ ဖြတ်လို့ ပျက်စီးသွားတယ်လို့ သံသယရှိကြောင်း ဖင်လန်ရဲတပ်ဖွဲ့က ပြောပါတယ်။
Eagle S ရေနံတင်သင်္ဘောအပေါ် ဖင်လန်ရဲ့ အရေးယူဆောင်ရွက်ခဲ့တယ်၊ အန္တရာယ်ဖြစ်စေတဲ့ သင်္ဘောတွေကို တရားဥပဒေစိုးမိုးရေးအရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ NATO အတွင်းရေးမှူးချုပ် မတ်ခ် ရူတေက ဟယ်လ်စင်ကီ မြို့တော်မှာ လုပ်တဲ့ ၈ နိုင်ငံအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျနော်တို့ရဲ့ အခြေခံအဆောက်အအုံအတွက် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေဟာ လိုက်ပါစီးနင်းခြင်း၊ ဖမ်းဆီးခြင်း အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်”လို့ ရူတေက ပြောပါတယ်။
NATO အဖွဲ့ဝင်တွေဟာ အဲဒီဒေသက ရုရှားရဲ့ မှောင်ခိုသင်္ဘောတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူရင်း ပင်လယ်ရေအောက်က အရေးပါတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အင်္ဂါရပ်တွေကို ကာကွယ်ဖို့ ကြိုးပမ်းမှုတစိတ်တပိုင်းအဖြစ် စောင့်ကြည့်နေတယ်လို့ ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ်က အစည်းအဝေးအပြီးမှာ ပြောပါတယ်။
ဖင်လန်သမ္မတ အလက်ဇန်းဒါးစတာ့ဘ်ကလည်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းထားချိန်မှာ သံသယရှိတဲ့ ဆိုးသွမ်းသင်္ဘောတွေကို အရေးယူနိုင်တဲ့ အစီအမံတွေကို အကဲဖြတ်ဖို့ နောက်ထပ် ဥပဒေလေ့လာချက်တွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
Source : Reuters










