DVB Logo
Home
နိုင်ငံတကာ
လူ သန်း ၄၀၀ ဆင်နွှဲမည့် ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော် အိန္ဒိယတွင် ကျင်းပ
DVB
·
January 13, 2025
လူ သန်း ၄၀၀ ဆင်နွှဲမည့် ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော် အိန္ဒိယတွင် ကျင်းပ
Donate to DVB

အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်တဲ့ ကူးမ် မဲလာ ပွဲတော်ကို ပရာယာဂ်ရာဂျ်မြို့မှာ ဇန်နဝါရီ ၁၃ ရက်က စတင်ကျင်းပနေပါပြီ။

၄၅ ရက်ကြာ ကျင်းပမယ့် ဒီပွဲတော်ကို လူဦးရေ သန်း ၄၀၀ လောက် လာရောက်မယ်လို့ မျှော်လင့်ထားပြီး အာကာသကနေတောင် မြင်နိုင်လောက်အောင် ကြီးမားတဲ့ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော် ဖြစ်ပါတယ်။

၁၂ နှစ်တကြိမ် ကျင်းပတဲ့ ဒီပွဲတော်ကာလအတွင်း ဟိန္ဒူဘာသာဝင်တွေဟာ ဟိန္ဒူတို့ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ဂင်္ဂါမြစ်၊ ယမုံနာမြစ်နဲ့ အခုအခါမှာ မမြင်နိုင်တော့ဘူးလို့ဆိုတဲ့ နတ်သမီး သူရဿတီမြစ်ဆုံရာ ဆန်ဂမ်မြစ်ဆုံမှာ ရေချိုးကြမှာ ဖြစ်ပါတယ်။

အဓိက ရေချိုးပွဲ ပထမဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာ ဆံပင်ရှည်ကြီးတွေနဲ့ ပြာမှုန့်သုတ်ထားတဲ့ နာဂါ ဆာဒူးခေါ် ဘုန်းကြီးတွေရဲ့ မနက်အရုဏ်တက် ရေချိုးပွဲနဲ့ စတင်မှာဖြစ်ပါတယ်။

ဟိန္ဒူဘာသာဝင်တွေက သန့်ရှင်းမြင့်မြတ်တဲ့မြစ်ထဲ ရေဆင်းချိုးခြင်းဟာ အပြစ်တွေ ဆေးကြောပြီး ဝိညာဉ်သန့်စင်စေကာ ဘဝသံသရာကနေ လွတ်မြောက်စေတယ်လို့ ယုံကြည်ကြပါတယ်။

ပွဲတော်စတဲ့ တနင်္လာနေ့မှာ ဘာသာဝင် ၅ သန်းကနေ ၈ သန်းအထိ ရေချိုးဖို့ မျှော်လင့်ထားပြီး နောက်တနေ့မှာ လူဦးရေ သန်း ၂၀ ကျော်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဧက ၁၀,၀၀၀ ကျော် ကျယ်ဝန်းတဲ့ ယာယီတဲမြို့ကြီးတခုကို မြစ်ကမ်းနားမှာ တည်ဆောက်ထားပေမဲ့ ပွဲစဖို့ နာရီပိုင်းအလိုထိ အများစုဟာ မပြီးသေးပါဘူး။ တချို့တဲတွေမှာ ရေမရသေးသလို လျှပ်စစ်မီးလည်း မှန်မှန်မရသေးပါဘူး။

အုပ်ချုပ်ရေးအရာရှိ ဗီဗက် ချာတာဗက်ဒီက “ဒီနှစ် မိုးရာသီရေက နောက်ကျမှ ဆုတ်သွားလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ နောက်ကျခဲ့ရပေမဲ့ အခုတော့ အများစု ပြီးနေပါပြီ" လို့ ပြောပါတယ်။

ယာယီလမ်း ကီလိုမီတာ ၆၅၀ ကျော် ဖောက်လုပ်ထားပြီး တဲထောင်နဲ့ချီ ဆောက်လုပ်ထားကာ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀,၀၀၀ အပါအဝင် လူပေါင်း ၁၀၀,၀၀၀ ကျော်က အချိန်ပြည့် လုပ်ကိုင်နေကြပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြီးဆုံးမယ့် ဒီပွဲတော်ကို ကုလသမဂ္ဂရဲ့ ယူနက်စကိုအဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013