DVB Logo
Home
မြန်မာသတင်း
မန္တလေး PDF သင်တန်းဆင်းရဲဘော်များအတွက် လက်နက်တပ်ဆင်ပြီးစီး
DVB
·
January 10, 2025
မန္တလေး PDF သင်တန်းဆင်းရဲဘော်များအတွက် လက်နက်တပ်ဆင်ပြီးစီး
Donate to DVB

မန္တလေး PDF ရဲ့ အပတ်စဉ် ၁၅ သင်တန်းဆင်းရဲဘော်တွေအတွက် လက်နက်တပ်ဆင်ပေး ထားပြီးဖြစ်တယ်လို့ MDY PDF ဆီကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်းဆင်းပုံရိပ်တွေကို ဒီနေ့ထုတ်ပြန်လာပြီး သင်တန်းဆင်းရဲဘော်တွေကို လုံလောက်တဲ့ လက်နက်တွေ တပ်ဆင်ထားပြီးဖြစ်တယ်လို့ MDY PDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က DVB ကို ပြောပါတယ်။

အပတ်စဉ် ၁၅ သင်တန်းဆင်းတဲ့ အင်အား ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ဘယ်နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်မယ်ဆိုတာကိုတော့ ဖြေဆိုလို့မရဘူးလို့ ကိုအော်စမွန်က ဆိုပါတယ်။

MDY PDF အနေနဲ့ အပတ်စဉ် ၁၅ သင်တန်းမဆင်းခင်က ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ တပ်မဟာအသစ် တစ်ခုဖွဲ့စည်းကာ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်း တပ်မဟာမှာ လာရောက်ပူးပေါင်းမယ့် စစ်သည်တော်တွေ မိတ်ဘက်တော်လှန်ရေး တပ်ဖွဲ့တွေကိုလည်း ကြိုဆိုဖိတ်ခေါ်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေကနု ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013