DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ည ၁၂ မှ မနက် ၄ နာရီအတွင်း အပြင်ထွက်ပါက ပစ်ခတ်မည်ဟု စစ်ကောင်စီ သတိပေး
DVB
·
January 9, 2025
ဘားအံတွင် ည ၁၂ မှ မနက် ၄ နာရီအတွင်း အပြင်ထွက်ပါက ပစ်ခတ်မည်ဟု စစ်ကောင်စီ သတိပေး
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာသူတွေ ပစ်ခတ်ခံရမယ်လို့  စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက် ည ၇ နာရီလောက်က ဘားအံမြို့ ဗိုလ်ချုပ်လမ်းတလျှောက် မော်တော်ယာဉ်နဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က လိုက်လံ အသိပေးကြေညာခဲ့တာပါ။

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က လူ ၅ ယောက်ထက်ပိုမစုရတဲ့အပြင် ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာသူတွေကို ပစ်ခတ်ခံရမယ်လို့ ကြေညာခဲ့တာကြောင့် မြို့ခံပြည်သူတွေ ထိန့်လန့်ပြီး အပြင်ထွက်သူမရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့ခံတယောက်က “ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်းကို မထွက်ရဘူး။ ထွက်လို့ရှိရင် ပစ်သတ်မယ်။ အရင်တုန်းက အဲဒီလိုမအော်ဘူးဘူး။ သူတို့က အော်တာတော့ ၁၂ နာရီကနေ ၄ နာရီအတွင်းတာပြောတာ။ ဒါပေမဲ့ ၁၀ နာရီ နောက်ပိုင်းဆိုရင် သိပ်မထွက်ရဲကြတော့ဘူး။ နောက်ဆက်တွဲအနေနဲ့ ပိုပြီး ဆိုးဝါးဖို့ရှိတာပေါ့။  လူငယ်တွေက ၁၀ နာရီနောက်ပိုင်းဆိုရင် မထွက်ရဲကျတော့ဘူး။ သူတို့အော်တာ ၁၂ နာရီ တကယ်တမ်းကျတော့ ၁၀ နာရီလောက်တွေ့ရင်ကို ဆွဲမှာပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က  လိုက်လံအသိပေးကြေညာနေပေမဲ့ တဖက်မှာလည်း ဘားအံမြို့အနီးအနားက ကျေးရွာတွေမှာ ပွဲလမ်းသဘင်တွေ အာဝါဒေးလောင်ကစားဝိုင်းတွေကို ပြုလုပ်နေတာတွေရှိပါတယ်။

ဘားအံမြို့ပေါ်မှာ ဖြတ်သန်းသွားလာရင် ပစ်ခတ်ခံရမှာကို စိုးရိမ်ပြီး  ဒေသခံ စိုက်ပျိုးရေးတောင်သူတွေနဲ့ ကုန်ရောင်းကုန်ဝယ်သူတွေ မသွားလာရဲတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ဘားအံမြို့ပေါ်၊  မြို့ဝင်မြို့ထွက်ဂိတ်နဲ့ မြို့အနီးတဝိုက်မှာ လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ စစ်ကောင်စီတပ်တွေက အကြောင်းမရှိအကြောင်းရှာတတ်တာကြောင့် သတိနဲ့ အသိနဲ့ သွားလာနေရတယ်လို့ ဘားအံမြို့ ရပ်မိရပ်ဖ တယောက်က ပြောပါတယ်။

ရပ်မိရပ်ဖတယောက်က “ဒီမှာနည်းနည်း ရှုပ်နေပြီလေ။ သူက ဒီလိုပါ။ ဟို(တော်လှန်ရေးအဖွဲ့)က စိမ့်ဝင်မှာ ကြောက်နေပြီလေ။ အသံဗလံတွေကြားနေတော့။ ဒါပေမဲ့ အရင်ကလို စည်းစည်းကားကားနဲ့ စိတ်၏ချမ်းသားချင် ကိုယ်၏ချမ်းသာချင်နဲ့တော့ သွားလို့မရဘူး။ နောက် သတိနဲ့ အသိနဲ့ ကိုယ်သွားနေရတယ်လေ။ အသွားအလာ တအားပါးသွားတယ်။ တော်တော်လေး ပါးသွားတယ်။ လူကတော့ ထိန့်တာတော့ ထိန့်လန့်ကုန်တယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်က ဘားအံမြို့နယ်၊ ခလောက်နို့လှိုင်ဝါးရွာက ဆယ်ကျော်သက်အရွယ် လူငယ်တယောက် ဇာတ်ပွဲကအပြန် စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်- BGF ပူးပေါင်းဂိတ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက တွေဆီကသိရပါတယ်။

ဘားအံမြို့ပေါ်မှာ အခုလိုမကြေညာခင်ကတည်းက ည ၁၀ နာရီနောက်ပိုင်းသွားလာတဲ့ လူငယ်တွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013