DVB Logo
Home
နိုင်ငံတကာ
အပစ်ရပ်စဲရေး အရှိန်မြှင့်ဆောင်ရွက်နေချိန် အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူဒါဇင်ချီ သေဆုံး
DVB
·
January 9, 2025
အပစ်ရပ်စဲရေး အရှိန်မြှင့်ဆောင်ရွက်နေချိန် အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူဒါဇင်ချီ သေဆုံး
Donate to DVB

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ နိုင်ငံတကာဖျန်ဖြေသူတွေက ကြိုးပမ်းနေချိန် ဇန်နဝါရီ ၈ ရက်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ဆေးပညာရှင်တွေက ပြောပါတယ်။

ဂါဇာမြို့က ရှိတ်ခ်ရဒ်ဝမ်ရပ်ကွက်မှာရှိတဲ့ အထပ်အများကြီးပါတဲ့ အိမ်တလုံးကို လေကြောင်းတိုက်ခိုက်မှုက ထိမှန်ခဲ့လို့ လူ ၁၀ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး အနားက ဇိုင်တွန်မ် ဆင်ခြေဖုံးရပ်ကွက်မှာ တခြား ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်အလယ်ပိုင်းက ဒီယာအယ်လ် ဘာလာမြို့မှာ အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းသား လူရာချီ ခိုလှုံနေကြတဲ့ ဂါဇာကမ်းမြောင်ဒေသရဲ့ သမိုင်းဝင် ဒုက္ခသည်စခန်း ၈ ခုထဲက အကြီးဆုံးဖြစ်တဲ့ ဂျာဘာလီယာမှာလည်း စုစုပေါင်း လူ ၇ ယောက် သေဆုံးခဲ့တယ်လို့ သူတို့က ပြောပါတယ်။

ဂျာဘာလီယာက စာသင်ကျောင်းတခုကို စီမံခန့်ခွဲနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ပြီး အရပ်သားတွေအတွက် အန္တရာယ်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အခုလို အစုလိုက်အပြုံလိုက် အသေအပျောက်များမှုဟာ ဂါဇာမှာ နေ့တိုင်း ဖြစ်နေကျ ဖြစ်ရပ်ဖြစ်ပြီး အစ္စရေးရဲ့ ၁၅ လကြာ ဟားမတ်စ်ကို တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နယ်မြေခံ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

အစ္စရေးက ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နေချိန်မှာ အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အကြိတ်အနယ် ကြိုးပမ်းနေကြပြီး အခုအချိန်အထိ သဘောတူညီချက်ရဖို့ အပြင်းထန်ဆုံး ကြိုးပမ်းမှု ဖြစ်တယ်လို့ ဆွေးနွေးပွဲတွေနဲ့ နီးစပ်သူက ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရာထူးကနေ မနုတ်ထွက်မီ နောက်ဆုံး သဘောတူညီချက်တရပ်ရဖို့ အမေရိကန်အစိုးရအဖွဲ့က တောင်းဆိုထားပြီး ဇန်နဝါရီ ၂၀ ရက်မှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုကို တရားဝင်မဟုတ်တဲ့ နောက်ဆုံးရက်အဖြစ် ဒေသတွင်း အများအပြားက ရှုမြင်ကြပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေက ဝင်ရောက်စီးနင်းခဲ့လို့ အစ္စရေး အယောက် ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော် ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရပါတယ်။

အစ္စရေးက ဟားမတ်စ်ကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့လို့ ဂါဇာကမ်းမြောင် နယ်မြေအများအပြားကို ဒေသခံတွေ စွန့်ခွာခဲ့ရပါတယ်။

နယ်မြေတွင်း လူ ၂ ဒသမ ၁ သန်းထဲက လူအများစု အကြိမ်များစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အစားအစာနဲ့ ဆေးဝါးတွေ ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ လူသားချင်း စာနာထောက်ထားမှု အေဂျင်စီတွေက ပြောထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013