DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် ပြည်သူ  ၈၃ သန်းကို  အခမဲ့ကျွေးမွေးမည့် အစီအစဉ် စတင်
DVB
·
January 7, 2025
အင်ဒိုနီးရှားတွင် ပြည်သူ  ၈၃ သန်းကို  အခမဲ့ကျွေးမွေးမည့် အစီအစဉ် စတင်
Donate to DVB

အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုဆူဘီယန်တိုက နိုင်ငံ့လူဦးရေ ၄ ပုံ ၁ ပုံ ကျော်အထိ အခမဲ့ကျွေးမွေးမယ့် အစီအစဉ်ကို ဇန်နဝါရီ ၆ ရက်မှာ လူ ၅၇၀,၀၀၀ ကျော်နဲ့ စတင်လိုက်ပါတယ်။

ပရာဘိုဝိုရဲ့ မဲဆွယ်ကတိတွေထဲက အဓိကအကျဆုံးဖြစ်တဲ့ ဒီအစီအစဉ်ကို ပြည်နယ် ၂၀ ကျော်မှာ ကျောင်းနေကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအတွက် မီးဖိုဆောင်ကြီး ၁၉၀ ကျော်နဲ့ ချက်ပြုတ်ကျွေးမွေးပြီး စတင်လိုက်တာ ဖြစ်ပါတယ်။

လူဦးရေ သန်း ၂၈၀ ရှိတဲ့ တိုင်းပြည်မှာ ၂၀၂၉ ခုနှစ် ကျရင် လူ ၈၂ ဒသမ ၉ သန်းအထိ အခမဲ့ ကျွေးမွေးနိုင်ဖို့ ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

၅ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံအထိ ကုန်ကျနိုင်တာကြောင့် ခက်ခက်ခဲခဲ ကြိုးပမ်းထားရတဲ့ တိုင်းပြည်ဘဏ္ဍာရေး ဟန်ချက်ညီမှုကိုပါ ထိခိုက်လာနိုင်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပရာဘိုဝိုကတော့ ဒီစီမံကိန်းဟာ ကလေးသူငယ် အာဟာရမပြည့်တာကို ကုစားနိုင်မှာဖြစ်သလို ဒေသဆိုင်ရာအဆင့် အင်ဒိုနီးရှားစီးပွားရေး တိုးတက်အောင် ဆွဲတင်နိုင်မယ်လို့ ခုခံထားပါတယ်။

ဒီနှစ်ထဲ ပထအဆင့်အတွက် အင်ဒိုနီးရှားရူပီး ၇၁ ထရီလီယံ (ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံ) ကုန်ကျမှာဖြစ်ပြီး လူ ၁၅ သန်းအထိ ကျွေးမွေးနိုင်မှာဖြစ်ပါတယ်။

အနောက်ဂျကာတာက မူလတန်းကျောင်းတကျောင်းမှာ ဝန်ထမ်းတွေက အစားအသောက် လင်ပန်းတွေကို သယ်ယူလာကြပြီး ကလေးတွေက ထမင်း၊ ကြက်ကြော်၊ တို့ဟူးကြော်၊ ပဲနဲ့ လိမ္မော်သီးတလုံးစီ ယူစားနေကြပုံတွေ ထုတ်ပြန်ပေးခဲ့ပါတယ်။

အစိုးရနဲ့ စစ်တပ်ဟာ အစားအသောက်ဝေငှမှုကို ကူညီမှာဖြစ်ပြီး ဆန်၊ ကြက်နဲ့ နို့ ဝေငှမှုကို ဦးဆောင်လုပ်ပေးမှာ ဖြစ်ပါတယ်။ မတ်လရောက်ရင် ကျွေးနိုင်တဲ့ဦးရေ ၃ သန်းအထိ ရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နို့ကိုတော့ နေ့တိုင်း တိုက်နိုင်ဦးမှာ မဟုတ်တဲ့အတွက် ဩစတြေးလျကနေ နို့စားနွားမတွေ တင်သွင်းပြီး နို့ထုတ်လုပ်မှုတိုးအောင် ကြိုးပမ်းနေပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013