DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလား ဒုသမ္မတကို အာဂျင်တီးနားက သတ်ရန်ကြံစည်ဟု သမ္မတ မာဒူရို စွပ်စွဲ
DVB
·
January 7, 2025
ဗင်နီဇွဲလား ဒုသမ္မတကို အာဂျင်တီးနားက သတ်ရန်ကြံစည်ဟု သမ္မတ မာဒူရို စွပ်စွဲ
Donate to DVB

အာဂျင်တီးနားအစိုးရဟာ ဗင်နီဇွဲလားကို ဆန့်ကျင်တဲ့ အကြမ်းဖက်အစီအစဉ်တွေမှာ ပါဝင်ပတ်သက်နေပြီး ဗင်နီဇွဲလား ဒုသမ္မတကို သတ်ဖို့ ကြံစည်ခဲ့တယ်လို့ ဗင်နီဇွဲလားသမ္မတ နိကိုလပ်စ် မာဒူရိုက ဇန်နဝါရီ ၆ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

အစိုးရအာဏာပိုင်တွေ၊ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့ တွေ့ဆုံချိန် မိန့်ခွန်းပြောကြားရာမှာ သမ္မတ မာဒူရိုက ပြည်ထဲရေး၊ တရားရေးနဲ့ ငြိမ်းချမ်းရေးဝန်ကြီး ဒီယိုစ်ဒါးဒိုး ကာဘယ်လ်ယိုဆီက အချက်အလက်တွေကို ကိုးကား ပြောဆိုခဲ့တာပါ။

ဗင်နီဇွဲလားအစိုးရဟာ အာဂျင်တီးနားရဲတပ်ကြပ် နာဟွဲလ် အာဂုစ်တင်းန် ဂါယိုကို ၂၀၂၄ ခုနှစ်  ဒီဇင်ဘာ ၈ ရက်က ဖမ်းဆီးခဲ့ပြီး ဆက်လက်လုပ်ဆောင်နေတဲ့ မစ်ရှင်မှာ သူ ပါ၀င်ပတ်သက်မှု ရှိနေကြောင်း စွပ်စွဲထားတာပါ။

“ကျနော်တို့ဆီမှာ ထောက်လှမ်းရေး ကောင်းကောင်းရှိပြီး သူတို့က ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ရဲ့ အသက်ကို အန္တရာယ်ပြုဖို့ တိကျတဲ့ အစီအမံတွေနဲ့ တောင်အမေရိကမှ လာခဲ့ကြတာ” လို့ မာဒူရိုက ပြောကြားခဲ့ပါတယ်။

သူတို့က ဒီမှာ ချစ်သူရည်းစားရှိလို့ လာတယ်ဆိုပြီး ပြောကြပေမဲ့ အဲဒါတွေက လိမ်ညာနေတာဖြစ်ပြီး ဗင်နီဇွဲလားမှာ အာဂျင်တီးနားရဲရဲ့ ဇနီးနဲ့ မိသားစုရှိနေကြောင်းနဲ့ အာဂျင်တီးနားအစိုးရက ဗင်နီဇွဲလား ငြိမ်းချမ်းရေးကို တိုက်ခိုက်မယ့် အစီအစဉ်မှာ တိုက်ရိုက် ပါဝင်ပတ်သက်နေတာကြောင့်မို့လို့ ရှုတ်ချပါတယ်လို့ သမ္မတ မာဒူရိုက ပြောသွားပါတယ်။

အာဂျင်တီးနား အာဏာပိုင်တွေကတော့ သူ့ကိုလွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013