
၁၉၉၆ ခုနှစ်တုန်းက ကျူးဘားနဲ့ ဖလော်ရီဒါအကြား ပျံသန်းနေတဲ့ လေယာဉ် ၂ စင်းကို ပစ်ချခဲ့မှုအတွက် ကျူးဘားသမ္မတဟောင်း ရာအူးလ်ကက်စထရိုကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။
ဒီဖြစ်စဉ်မှာ အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ဖို့နဲ့ တခြားပြစ်မှုတွေ ကျူးလွန်ဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲတာ ဖြစ်ပါတယ်။
လေယာဉ်ပစ်ချခံရမှုကြောင့် အမေရိကန် ၃ ယောက် အပါအဝင် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့ပါတယ်။
အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ကက်စထရိုဟာ အဲဒီအချိန်က ကျူးဘားစစ်တပ်ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။
အမေရိကန် ယာယီရှေ့နေချုပ် တော့ဒ်ဘလန့်ချ်က ဒီစွဲချက်တွေကို မေ ၂၀ ရက်မှာ မိုင်ယာမီမြို့ကနေ ကြေညာခဲ့တာပါ။
ကျူးဘားသမ္မတ မီဂယ်ဒီယက်ဇ်-ကာနယ် ကတော့ ဒါဟာ ဥပဒေအခြေခံမရှိတဲ့ နိုင်ငံရေးလှည့်ကွက်လို့ ဝေဖန်ပါတယ်။
ကျူးဘားရေပိုင်နက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်အရ လုပ်ဆောင်ခဲ့တာလို့လည်း သူက ဆိုပါတယ်။
ကက်စထရိုကို ဖမ်းဝရမ်းထုတ်ထားပြီး အမေရိကန်ကို ရောက်လာဖို့ မျှော်လင့်တယ်လို့ ဘလန့်ချ်က ပြောပါတယ်။
ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရိုကို ဖမ်းဆီးခဲ့သလို ကက်စထရိုကိုလည်း အမေရိကန်က စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ကျူးဘားအစိုးရကတော့ အလွယ်တကူ အလျှော့ပေးမှာ မဟုတ်ဘူးလို့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ရိုဇန်နာဗီဂယ်လ်က မှတ်ချက်ပေးပါတယ်။











