DVB Logo
Home
မြန်မာသတင်း
မွန် အကျဉ်းထောင်များမှ အကျဥ်းသား ၂၅၀ ကျော်လွတ်မြောက်၊ နိုင်ကျဥ်း ၆ ဦးသာ ပါဝင်
DVB
·
January 5, 2025
မွန် အကျဉ်းထောင်များမှ အကျဥ်းသား ၂၅၀ ကျော်လွတ်မြောက်၊ နိုင်ကျဥ်း ၆ ဦးသာ ပါဝင်
Donate to DVB

မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေက လွတ်မြောက်လာတဲ့ အကျဉ်းသား ၂၅၀ ကျော်အနက် နိုင်ငံရေးအကျဉ်းသား ၆ ဦးသာ ပါဝင်ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးတဲ့အထဲမှာ မွန်ပြည်နယ် ကျိုက်မရော ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၆ ဦးသာ ပါဝင်​သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက DVB ကို ပြောပါတယ်။

“မွန်ပြည်နယ်ထဲမှာ စာရင်းရရှိဖို့ သထုံထောင်ကျန်သေးတယ်။ လက်ရှိ ကျိုက်မရောထောင်က နိုင်ကျဥ်း ၆ ဦးလို့ပဲ ပြောလို့ရသေးတယ်။ ကျနော်တို့အနေနဲ့လည်း အတိအကျထုတ်ပြန်နိုင်ဖို့ကို ဆက်လက်ကြိုးစားနေပါတယ်။" 

DVB က ရရှိထားတဲ့ အချက်အလက်တွေအရ ကျို​က်မရော ဗဟိုအကျဥ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၃ ဦးနဲ့ အကျဥ်းသူ ၃ ဦးအပါအဝင် ၁၄ ဦး၊ မော်လမြိုင် အချုပ်ထောင်မှ ၆၄ ဦး၊ သထုံအကျဉ်းထောင်မှ ၃၆ ဦး၊ ရင်းငြိမ်ကျောက်ထုတ်စခန်းမှ ၂၆ ဦး၊ ဇင်းကျိုက်ကျော်ထုတ်စခန်းမှ ၁၈ ဦးနဲ့ အင်းဗြောင်ကျောက်ထုတ်စခန်းမှ ၈ ဦး စုစုပေါင်း ၂၅၄ဦး လွတ်မြောက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှုနဲ့ အကြမ်းဖက်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှုနဲ့ အဂတိလိုက်စားမှုတွေကလွဲပြီး ကျန်ပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူအားလုံးကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့် ပေးထားတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ထောင်ဒဏ် တသက်ကျခံနေရသူ ၁၄၄ ယောက်ကို ထောင်ဒဏ် ၁၅ နှစ် ပြောင်းလဲပေးသလို နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ အယောက် ၁၈၀ ကိုလည်း ပြစ်ဒဏ်က သက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Photo: ဒေသခံတဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013