DVB Logo
Home
နိုင်ငံတကာ
အစာပြတ်လပ်မှုကြောင့် ဂါဇာရှိ ကလေး ၃၀၀၀ ကျော် သေဆုံးဖွယ်ရှိ 
DVB
·
January 4, 2025
အစာပြတ်လပ်မှုကြောင့် ဂါဇာရှိ ကလေး ၃၀၀၀ ကျော် သေဆုံးဖွယ်ရှိ 
Donate to DVB

၂၀၂၄ ခုနှစ် အကုန်မှာ ဂါဇာကမ်းမြောင်ဒေသမှာ အာဟာရချို့တဲ့မှုနဲ့ အစာရေစာပြတ်လပ်မှုကြောင့် သေဆုံးနိုင်ခြေရှိတဲ့ ကလေး ၃,၅၀၀ လောက် ရှိတယ်လို့ ပါလက်စတိုင်း ဗဟိုစာရင်းအင်းဗျူရိုရဲ့ အဆိုအရ သိရပါတယ်။ 

ဂါဇာရှိ လူဦးရေရဲ့  ၂၂ ရာခိုင်နှုန်းဟာ လက်ရှိမှာ အစာရေစာဖူလုံမှု ဆိုးရွားတဲ့အဆင့်နဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ ပေါင်းစည်း စားနပ်ရိက္ခာဖူလုံရေး အဆင့်သတ်မှတ်ခြင်း (IFSPC) အဖွဲ့ရဲ့ စံနှုန်းအရ သိရပါတယ်။ 

UNICEF မှ ပံ့ပိုးကူညီပြီးတော့ အာ့ဒ် အလ်-အင်ဆန် အဖွဲ့အစည်းမှ ဦးစီးနေတဲ့ ဂါဇာကမ်းမြောင်ရှိ ဒေသန္တရ ဆေးကုခန်းတခုမှာ ဇန်နဝါရီ ၁ ရက်က အာဟာရချို့တဲ့နေတဲ့ ကလေးတွေအတွက် မိသားစုတွေက ခေါ်ဆောင် ဆေးသွားစစ်ကြတာကို ကုလသမဂ္ဂမှ ပံ့ပိုးပေးတဲ့ ဗီဒီယိုထဲမှာ ပြထားပါတယ်။ 

ကုလသမဂ္ဂရဲ့ အဆိုအရ ၂၀၂၄ ခုနှစ် သြဂုတ်လကုန်အထိ ဂါဇာကမ်းမြောင်မှာ အာဟာရချို့တဲ့မှု ဒဏ်ကို ခံစားနေရတဲ့ ကလေးပေါင်း ၁၅၀၀၀ နီးပါး ရှိနေပြီး အဲဒီထဲမှာ ကလေး ၂,၂၈၈ ယောက်က အလွန်ကို ဆိုးရွားပြင်းထန်တဲ့ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရပါတယ်။ 

ပြီးခဲ့တဲ့ ၁၅ လလောက်က အစ္စရေးနဲ့ စစ်ပွဲစတင်ဖြစ်ပွားကတည်းက ဂါဇာလူဦးရေရဲ့ ၆ ရာခိုင်နှုန်း လျော့နည်းခဲ့ရပြီး ပါလက်စတိုင်းလူမျိုး အယောက် ၁ သိန်းလောက်က ဂါဇာကနေ ထွက်သွားခဲ့ ကြပြီးတော့ လူပေါင်း ၅၅၀၀၀ လောက်ကတော့ သေဆုံးခဲ့ပြီးပြီလို့ ယူဆထားကြောင်း  ပါလက်စတိုင်း ဗဟိုစာရင်းအင်းဗျူရိုရဲ့ ဒီဇင်ဘာ ၃၁ ရက် အစီရင်ခံစာအရ သိရပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013