DVB Logo
Home
နိုင်ငံတကာ
လာ့စ်ဗီးဂတ်စ်တွင် ဆိုက်ဘာထရပ်ကားဗုံးခွဲသူသည် ထရမ့်ပ်ကို ထောက်ခံသည့် မျိုးချစ်ဖြစ်ဟုဆို
DVB
·
January 3, 2025
လာ့စ်ဗီးဂတ်စ်တွင် ဆိုက်ဘာထရပ်ကားဗုံးခွဲသူသည် ထရမ့်ပ်ကို ထောက်ခံသည့် မျိုးချစ်ဖြစ်ဟုဆို
Donate to DVB

လာ့စ်ဗီးဂတ်စ် ဆိုက်ဘာထရပ်ကား ဗုံးခွဲသူ မက်သယူး လစ်ဗယ်စ်ဘာဂါရဲ့ ဦးလေးဖြစ်သူက သူ့တူဟာ နိုင်ငံကို ချစ်မြတ်နိုးပြီး ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ထောက်ခံတဲ့ ‘ရမ်ဘိုဆန်ဆန်’ မျိုးချစ်တယောက်လို့ ပြောပါတယ်။

ကိုယ်တိုင်လည်း လေတပ်က စစ်ပြန်ဟောင်းဖြစ်တဲ့ ဒင် လစ်ဗယ်စ်ဘာဂါက သူ့တူဟာ လာ့စ်ဗီးဂတ်စ်က ထရမ့်ပ် အပြည်ပြည်ဆိုင်ရာဟိုတယ်အပြင်မှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ တင်ထားတဲ့ တက်စလာ ဆိုက်ဘာထရပ်ကားကို ဖောက်ခွဲခဲ့သူလို့ သိရတဲ့အခါ အံ့အားသင့်သွားတယ်လို့ ဆိုပါတယ်။

“သူ့ဖေ့စ်ဘွတ်ခ်မှာ မျိုးချစ်စိတ်ဓာတ်နဲ့ပတ်သက်တဲ့ ပို့စ်တွေပဲ တင်လေ့ရှိတယ်။ နိုင်ငံကို ရာနှုန်းပြည့် ချစ်တဲ့သူပါ” လို့ ဒင်က The Independent ကို ပြောပါတယ်။

လစ်ဗယ်စ်ဘာဂါဟာ ၂၀၀၆ ခုနှစ်မှာ ဂရင်းဘာရက် အထူးတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပြီး ၂၀၁၅ အထိ ကွန်ပျူတာနဲ့ ရေဒီယို စတဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးစနစ်တွေမှာ ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သူ့ LinkedIn ပရိုဖိုင်းအရ သိရပါတယ်။

စစ်တပ်မှာ အနည်းဆုံး နှစ် ၂၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နည်းပညာ၊ အင်ဂျင်နီယာပညာနဲ့ အထူးတပ်ဖွဲ့သင်တန်းတွေ တက်ရောက်ခဲ့တဲ့ သူ့တူရဲ့ စစ်ဘက်နောက်ခံကြောင့် တနင်္လာနေ့က လူ ၇ ယောက်ပဲ ဒဏ်ရာရစေခဲ့တဲ့ ပေါက်ကွဲမှုမှာ လစ်ဗယ်စ်ဘာဂါ တယောက်တည်း ပါဝင်ပတ်သက်တယ်ဆိုတာကို ဒင်က သံသယရှိနေပုံ ရပါတယ်။

“မက်က အရမ်းတော်တဲ့ စစ်သားတယောက်ပါ။ သူသာ တကယ်လုပ်တာဆိုရင် ပိုပြီး စနစ်ကျတဲ့ ဗုံးတလုံးကို လုပ်နိုင်စွမ်းရှိတယ်” လို့ ဒင်က The Independent  ကို ပြောပါတယ်။

“သူက ‘စူပါစစ်သား’ လို့ ခေါ်လို့ရတယ်” လို့ ဒင်က ပြောပါတယ်။ “သူရထားတဲ့ ဆုတံဆိပ်တွေနဲ့ အတွေ့အကြုံတွေကို ဖတ်ကြည့်ရင် တချို့ဟာတွေက မဖြစ်နိုင်သလိုပဲ။ သူ့မှာ ပိုပြီး ထိရောက်တဲ့ အရာတခုကို လုပ်နိုင်တဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေ ရှိနေတာကို ထည့်စဉ်းစားရင်ပေါ့။ စစ်တပ်ထဲမှာ သူသင်ထားရတဲ့ အရည်အချင်းတွေက အရမ်းကြီးမားပါတယ်။ သူသာ တကယ် တခြားသူတွေကို ထိခိုက်နာကျင်အောင် လုပ်ချင်တာဆိုရင် အဲဒီဟိုတယ်ရဲ့ တဝက်လောက်ကို ပျက်စီးသွားစေမယ့် ဗုံးတလုံးကို လုပ်နိုင်တယ်” လို့ ဦးလေးဖြစ်သူက ထပ်ဖြည့်ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013