
ဘလွန်းဒီအောဆုနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုရဲ့ မှတ်ချက်အပေါ် ရိုဒရီက ပြန်လည်တုံ့ပြန်သွားပါတယ်။
မန်စီးတီးကွင်းလယ်လူဟာ ၂၀၂၄ ခုနှစ်ရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆု ရယူနိုင်ခဲ့တာပါ။
အဲဒီအပေါ် ဆုရွေးချယ်ရေးအဖွဲ့က မျှတမှုမရှိကြောင်းနဲ့ ဗင်နီဆီယက်စ်ကသာ ရရှိဖို့ ထိုက်တန်ကြောင်း ရော်နယ်ဒိုက မှတ်ချက်ပေးခဲ့တာပါ။
ရိုဒရီကတော့ ရော်နယ်ဒိုရဲ့ မှတ်ချက်အပေါ် အံ့အားသင့်မိပြီး ဆုဘယ်လိုရွေးချယ်သလဲဆိုတာ ရော်နယ်ဒိုက သူများတွေထက် ပိုသိမှာဖြစ်ကြောင်း၊ ဂျာနယ်လစ်တွေရဲ့ မဲပေးမှုက အဓိကဖြစ်ခဲ့ပြီး ရော်နယ်ဒို ဆုရရှိစဉ်ကလည်း အဲဒီဂျာနယ်လစ်တွေကပဲ မဲပေးရွေးချယ်ပေးခဲ့တာဖြစ်ကြောင်း ရိုဒရီက ပြန်လည်တုံ့ပြန်သွားပါတယ်။