
၂၀၂၅ ခုနှစ်ရဲ့ နှစ်စကို ဂုဏ်ပြုပြီးတဲ့နောက် နှစ်သစ်ကူးကို အပြုသဘောဆောင်ရင်း အစပြုဖို့ အပြေးသမား ထောင်ပေါင်းများစွာဟာ ဂျာမနီနိုင်ငံရဲ့ မြို့တော် ဘာလင်က အထင်ကရနေရာဖြစ်တဲ့ ဘရန်ဒန်ဘာ့ဂ် မုခ်ဦးမှာ ဇန်နဝါရီ ၁ ရက်က စုဝေးခဲ့ကြပါတယ်။
အပြေးသမားပေါင်း ၄,၅၀၀ လောက်ပါတဲ့ ၅၂ ကြိမ်မြောက် ပွဲစဉ်ကို အထင်ကရ ဘရန်ဒန်ဘာ့ဂ် မုခ်ဦးမှာ စတင်ခဲ့ပြီး မြို့တော်ရဲ့ ဘုရားရှိခိုးကျောင်းဆီ ၂ မိုင်ခွဲ ပတ်လမ်းအတိုင်း ပြေးခဲ့ကြပါတယ်။
ရိုးရာနှစ်သစ်ကူးနေ့မှာ အရက်နာကျနေမယ့်အစား လူအမြောက်အမြားအတွက် ကြံ့ခိုင်မှု ဆုံးဖြတ်ချက်တွေကို ခံယူခြင်းအားဖြင့် ကမ္ဘာကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေပြီး အဖော်မွန်လုပ်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။
“နှစ်သစ်ကိုစဖို့ ပိုကောင်းတဲ့နည်းလမ်းမရှိဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါက အကောင်းဆုံးပါပဲ” လို့ အပြေးသမားတယောက်က ပြောပါတယ်။
၄ နှစ်အရွယ် အပြေးသမား လီလိုဟာ သူ့ရဲ့ ပထမဆုံး ၄ ကီလိုမီတာ အပြေးပြိုင်ပွဲနဲ့ စံချိန်ချိုးခဲ့ပါတယ်။
အပျော်အပြေးပြိုင်ပွဲအတွက် ဝင်ကြေးပေးစရာမလိုဘဲ အလှူငွေတွေကို လိုအပ်နေသူတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
Source : Reuters










