DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း ရေတပ်ဒရုန်း ၁ စင်းက ရုရှားရဟတ်ယာဉ်ကို ပစ်ချ
DVB
·
January 1, 2025
ယူကရိန်း ရေတပ်ဒရုန်း ၁ စင်းက ရုရှားရဟတ်ယာဉ်ကို ပစ်ချ
Donate to DVB

ယူကရိန်း ရေတပ်ဒရုန်းတစင်းဟာ ပင်လယ်နက်ထဲမှာ ရုရှားရဟတ်ယာဉ်တစင်းကို ဖျက်ဆီးခဲ့ပြီး နောက်ထပ်တစင်းကိုလည်း ထိခိုက်အောင် လုပ်ခဲ့တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးက ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။

အင်္ဂါနေ့က ခရိုင်းမီးယား အနောက်ဘက်ကမ်းရိုးတန်းရှိ တာရ်ခန့်ကွတ် အငူအနီးတိုက်ပွဲမှာ ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ယူကရိန်းရေတပ်က Magura V5 ရေကြောင်းသုံး ဒရုန်းယာဉ်ဟာ လေကြောင်းပစ်မှတ်ကို ပထမဆုံးအကြိမ် ပစ်ချခဲ့ပြီး ရုရှား Mi-8 ရဟတ်ယာဉ်ကို ထိမှန်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးအေဂျင်စီ GUR က တယ်လီဂရမ်မှာ ပြောကြားခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ပျက်စီးသွားခဲ့တဲ့ ဒုတိယမြောက် ရုရှားရဟတ်ယာဉ်လည်း လေယာဉ်ကွင်းကို ရောက်ရှိနိုင်ခဲ့ကြောင်းလည်း GUR က ဆိုပါတယ်။

ရိုက်တာက ဒီအစီရင်ခံစာကို သီးခြား အတည်မပြုနိုင်ပါဘူး။ ရဟတ်ယာဉ်ကိစ္စကို မော်စကိုကလည်း မှတ်ချက် တစုံတရာ မပေးခဲ့ပါဘူး။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သူ့ရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စုဟာ ဒရုန်းရေယာဉ် ၈ စင်းကို ဖျက်ဆီးခဲ့ကြောင်း တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

နာမည်ကြီး ရုရှားစစ်တပ် ဘလော့ဂါ ဗိုင်ယန်ညီ အော်စ် ဗေဒို မစ်တယ်လ် ကတော့ ယူကရိန်းရေတပ် ဒရုန်းတစီးက ရုရှားရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ကြောင်း အစီရင်ခံ တင်ပြခဲ့ပါတယ်။

GUR က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်အသေးတခုထဲမှာ ရေပေါ်မှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ်တစင်းကို ဒုံးကျည်များစွာက ပစ်မှတ်ထားနေတာကို မြင်တွေ့နိုင်ပြီး တိုက်ခိုက်မှု အပြီးမှာ လေယာဉ်ပြုတ်ကျတာကို ရိုက်ကူးထားပါတယ်။ ဒီဗီဒီယိုကိုလည်း ရိုက်တာက ချက်ချင်း အတည်မပြုနိုင်ပါဘူး။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှားရဲ့ အလုံးစုံကျူးကျော်မှု ကြုံရပြီးနောက် ယူကရိန်းဟာ ဒရုန်းထုတ်လုပ်မှုကို အရှိန်မြှင့်ပြီး ရေတပ်တိုက်ခိုက်ရေး ဒရုန်းတွေကို တီထွင်ခဲ့ပါတယ်။

ကိယက်ဗ်စစ်တပ်ဟာ ရေကြောင်းဒရုန်းတွေကို သုံးပြီး ၂၀၁၄ ခုနှစ်က ရုရှား အတင်းသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားစစ်သင်္ဘောတွေနဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ရေတပ်ဒရုန်းတွေ၊ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် ဆီဗက်စ်တိုပိုလ်ရှိ ရုရှားရဲ့ အဓိက ရေတပ် အခြေစိုက်စခန်းကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ပြီး သူ့ရဲ့ ပင်လယ်နက် ရေယာဉ်အုပ်စုကိုလည်း တခြားနေရာတွေမှာ စစ်သင်္ဘောအားလုံးနီးပါးကို ပြန်အခြေချခိုင်းတယ်လို့ ယူကရိန်းက ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013