DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲအဆုံးသတ်ရေး ယူကရိန်းနှင့် ဆွေးနွေးပွဲအသစ်လုပ်ရန် အသင့်ရှိဟု ရုရှားပြော
DVB
·
September 16, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ရုရှားနိုင်ငံဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းနဲ့ ဆွေးနွေးမှုအသစ်လုပ်ဖို့ အသင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး လာ့ဗရော့ဗ်က စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

လာ့ဗရော့ဗ်ရဲ့ ပြောဆိုချက်မှာ ရုရှားက ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ ဆန္ဒရှိပြီး ယူကရိန်းအရေးအတွက် ဆွေးနွေးမှုတွေကို ဘယ်တော့မှ မငြင်းခဲ့ကြောင်းလည်း ပါဝင်ပါတယ်။

ဆွေးနွေးပွဲတွေ ရပ်ဆိုင်းဖို့ မော်စကိုမှာ တာဝန်မရှိကြောင်းနဲ့ ရုရှားဟာ ၃ နိုင်ငံ ဆွေးနွေးပွဲတွေ အတွက်ပါ ဆန္ဒရှိတဲ့အကြောင်းလည်း လာ့ဗရော့ဗ်က ပြောပါတယ်။​

တချိန်တည်းမှာပဲ လာ့ဗရော့ဗ်က ယူကရိန်းအပေါ် ထိုးစစ်ဆင်နေမှုကို ပြောင်းလဲမှာ မဟုတ်သလို ဆွေးနွေးမှုတွေ လုပ်ချိန်မှာလည်း စစ်ဆင်ရေးကို ရပ်ထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဆာဘီဟာ ကတော့ ယူကရိန်းက ရုရှားနဲ့ စွမ်းအင်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုကိုတော့ အပစ်ရပ်ရေးပြုလုပ်ဖို့ ဆန္ဒရှိတဲ့အကြောင်း အင်္ဂါနေ့က ပြောပါတယ်။

ဆာဘီဟာက စွမ်းအင်အဆောက်အအုံတွေကို အပစ်အခတ်ရပ်စဲမဲ့ကိစ္စ နိုင်ငံတကာ မိတ်ဖက်တွေကို အသိပေးထားပြီးပြီလို့လည်း ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီး ကလည်း စွမ်းအင်ကဏ္ဍ အပစ်အခတ်ရပ်စဲဖို့ တနင်္လာနေ့မှာ ပြောထားပြီး စက်တင်ဘာ ၂၁ ကနေ ၂၃ ရက်အထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ နယူးယောက်မှာ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ရုရှားရဲ့ ဒီဇယ်လောင်စာစက်ရုံတွေ တိုက်ခိုက်တာ ရပ်ဖို့ ဇလန်းစကီးကို ထရမ့်ပ်က တနင်္လာနေ့က တိုက်တွန်းခဲ့ပြီး ဒီတိုက်ခိုက်မှုတွေက ရုရှားကို လောင်စာဆီ ပြတ်လပ်စေတယ်လို့ ဆိုပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013