DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို ဖြတ်ပြီး ဥရောပသို့ ရုရှားဓာတ်ငွေ့ ပို့လွှတ်မှု အဆုံးသတ်
DVB
·
January 1, 2025
ယူကရိန်းကို ဖြတ်ပြီး ဥရောပသို့ ရုရှားဓာတ်ငွေ့ ပို့လွှတ်မှု အဆုံးသတ်
Donate to DVB

ယူကရိန်းကို ဖြတ်ပြီးတော့ ရုရှားဓာတ်ငွေ့ ဥရောပကိုပို့တဲ့ ၅ နှစ် သဘောတူစာချုပ်ဟာ ၂၀၂၅ နှစ်သစ်မှာ အဆုံးသတ်ပြီဖြစ်သလို သက်တမ်းမတိုးဘူးလို့လည်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ထုတ်ပြန်ထားပါတယ်။

“ကျုပ်တို့သွေးကိုခင်းပြီး ရုရှားက နောက်ထပ် ဘီလီယံချီရမှာကို ခွင့်ပြုမှာမဟုတ်ဘူး” လို့ ဇလန်းစကီးက ပြောခဲ့ပြီး ဥရောပသမဂ္ဂဘက်က ပြင်ဆင်နိုင်ဖို့ တနှစ်အချိန်ပေးခဲ့ပါတယ်။

ယူကရိန်းဓာတ်ငွေ့ပို့ကုမ္ပဏီ Naftogaz နဲ့ ရုရှားဓာတ်ငွေ့ကုမ္ပဏီ Gazprom တို့အကြား စာချုပ်သစ် ထပ်မချုပ်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပတိုက်ရိုက်ဓာတ်ငွေ့စနစ်ဟာ ကြံ့ကြံ့ခံနိုင်ပြီး ပြောင်းလွယ် ပြင်လွယ်ရှိသလို ယူကရိန်းလမ်းကြောင်း အဆုံးသတ်သွားပေမဲ့ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ဥရောပကော်မရှင်က ပြောထားပါတယ်။

ရုရှားဟာ ဟန်ဂေရီသာမက တူရကီနဲ့ ဆားဘီယားကနေတဆင့် ဓာတ်ငွေ့ပို့နိုင်ဆဲဖြစ်သလို ပင်လယ်နက်ထဲက TurkStream ပိုက်လိုင်းကနေလည်း ပို့နိုင်ဆဲ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ၂၀၂၂ မှာ တင်းပြည့်ကျူးကျော်ပြီးကတည်းက အီးယူဟာ ရုရှားက ဓာတ်ငွေ့တင်ပို့မှုကို သိသိသာသာ လျှော့ချပစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဥရောပအရှေ့ပိုင်းက အဖွဲ့ဝင်နိုင်ငံတွေကတော့ ရုရှားဓာတ်ငွေ့ကို အဓိက မှီခိုနေရဆဲဖြစ်ပြီး တနှစ်ကို ရုရှားကို ယူရို ၅ ဘီလီယံလောက် ပေးနေရဆဲဖြစ်ပါတယ်။

၂၀၂၃ မှာ ဥရောပသမဂ္ဂဝင်နိုင်ငံအားလုံးရဲ့ ဓာတ်ငွေ့တင်သွင်းမှု စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရုရှားကနေ ဝယ်ရတာဖြစ်ပြီး ၂၀၂၁ တုန်းက ၄၀ ရာခိုင်နှုန်း ရှိခဲ့ရာကနေ သိသိသာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆလိုဗက်ကီးယားနဲ့ ဩစတြီးယား အပါအဝင် အီးယူအဖွဲ့ဝင် အများအပြားဟာ ရုရှားကနေ ဓာတ်ငွေ့အမြောက်အမြား တင်သွင်းနေဆဲဖြစ်ပါတယ်။

ဩစတြီးယားအနေနဲ့ လမ်းကြောင်းခွဲထုတ်နိုင်သလို အရန်ဓာတ်ငွေ့လည်း လုံလောက်တယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ယူကရိန်းဆုံးဖြတ်ချက်ဟာ ဆလိုဗက်ကီးယားနဲ့ ပိုတင်းမာသွားစေပါတယ်။ ဆလိုဗက်ကီးယားဟာ လက်ရှိမှာ ရုရှားဓာတ်ငွေ့ အီးယူကိုရောက်ဖို့ အဓိကဝင်ပေါက် ဖြစ်လာသလို ဩစတြီးယား၊ ဟန်ဂေရီ၊ အီတလီတို့ကို ဓာတ်ငွေ့ပို့တဲ့ ပိုက်ဖြတ်သန်းခလည်း ရနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

ပူတင်နဲ့ ပြီးခဲ့တဲ့အပတ်က သွားတွေ့ခဲ့တဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက ယူကရိန်းက ပိုက်ပေးမဖြတ်ရင် ယူကရိန်းကို လျှပ်စစ်ဓာတ်အားပို့တာ ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ပိုလန်ကတော့ ဆလိုဗက်ကီးယားက ဓာတ်အားမပေးရင် သူတို့ အစားထိုးပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ ဓာတ်အားပေးစက်ရုံတွေကို တောက်လျှောက် ဖျက်ဆီးနေတာ ဖြစ်တဲ့အတွက် ယူကရိန်းဟာ အိမ်နီးချင်းတွေဆီက ဓာတ်အားအထောက်အပံ့ကို မှီခိုနေရတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂဝင်မဟုတ်တဲ့ မော်လ်ဒိုဗာနိုင်ငံငယ်လေးဟာ ဓာတ်ငွေ့နဲ့လည်တဲ့ ဓာတ်အားပေးစက်ရုံကို မှီခိုနေရတာဖြစ်တဲ့ ယူကရိန်းလမ်းကြောင်းပိတ်သွားရင် ဆိုးဆိုးရွားရွား ထိခိုက်မှာဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013