DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ် တနှစ်တာအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦးသတ်ဖြတ်ခံရ
DVB
·
December 31, 2024
၂၀၂၄ ခုနှစ် တနှစ်တာအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦးသတ်ဖြတ်ခံရ
Donate to DVB

မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ  အကျဉ်းဦးစီးနဲ့ စစ်ကောင်စီတပ်တို့ရဲ့ သတ်ဖြတ်မှုကို ခံနေရပြီး ၂၀၂၄ ခုနှစ် တနှစ်တာအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၉ ဦးအထိ သတ်ဖြတ်ခံရခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။

မနိုလ်ဘယ်အေး၊ ကိုလေးခွင်းတို့ ဝေါမြို့နယ်တရားရုံးကအပြန် သတ်ဖြတ်ခံရတာ၊ ကိုဝင်းသီဟနဲ့ ကိုမင်းသူက ထားဝယ်အကျဉ်းထောင်ကနေ ခေါ်ထုတ်သတ်ဖြတ်ခံရတာ၊ ကိုအောင်ကျော်ဇင်က မုံရွာအမှတ် ၁ ရဲစခန်းမှာ သတ်ဖြတ်ခံရတာ၊ ကိုနိုင်ဝင်းထွန်းက မြင်းခြံထောင်တွင်း ရိုက်နှက်ခံရတာ၊ ကိုအောင်နိုင်ထွန်းနဲ့ ကိုကျော်စိုးဝင်းက မြစ်ကြီးနားထောင်မှာ သေနတ်နဲ့ပစ်သတ်ခံရတာ၊ ကိုထက်ရန်နိုင်က အိုးဘိုထောင်မှာ ရိုက်နှက်သတ်ဖြတ်ခံရတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

PPNM က ကိုသိုက်က “တကယ့်လက်တွေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာဖြစ်တယ်။ ထောင်အာဏာပိုင်တွေရဲ့ လာဘ်စားမှုနဲ့ ဖိနှိပ်မှုတွေကို လက်သင့်မခံနိုင်တဲ့သူတွေကို ဖိနှိပ်တာ၊ ရိုက်နှက်တာ၊ တိုက်ပိတ်တာတွေလုပ်တဲ့အပြင် အခုလို သတ်ဖြတ်မှုတာတွေအထိပါ ကျူးလွန်နေတာဖြစ်ပါတယ်၊ အကျဉ်းဦးစီးဌာနတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီကလည်း ကာကွယ်ပေးနေပြီး သူတို့ကလည်း ကျူးလွန်နေတာမျိုး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားအပါအဝင် တခြားအကျဉ်းသားတွေကို သေနတ်နဲ့ပါ ပစ်သတ်ခဲ့ပြီး ထားဝယ်အကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ မန္တလေးအိုးဘိုထောင်၊ မြင်းခြံအကျဉ်းထောင်၊ မုံရွာအမှတ် ၁ ရဲစခန်းတို့က နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရက်စက်မှုတွေအများဆုံးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနှံ့က နိုင်ငံရေးအကျဉ်းသားတွေက စစ်ကောင်စီလက်ပါးစေတွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ၊ တိုက်ပိတ်မှုတွေ၊ ဆေးဝါးလုံလောက်မှုမရှိတာတွေ၊ ရောဂါအခံရှိသူတွေကို အချိန််မှီဆေးကုသခွင့်မပြုတာတွေ၊ ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်တာတွေ၊ ထောင်ပြောင်းရွေ့တာတွေကို ခံနေရပြီး လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရတာတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဒီဇင်ဘာ ၂၇ ရက်အထိ နိုင်ငံရေးအကျဉ်းသား ၂၁၀၀၀ ကျော်အထိဖမ်းဆီးထိန်းသိမ်းခံနေရပြီး အကျဉ်းထောင်အလိုက် ဖိနှိပ်ညှင်းပန်းမှုတွေ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၂၇ ရက်မှာ  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013