DVB Logo
Home
အားကစား
ကမ္ဘာ့စစ်တုရင်ချန်ပီယံ ကာလ်ဆင် ဂျင်းဘောင်းဘီ မလဲနိုင်သဖြင့် ပြိုင်ပွဲမှ နုတ်ထွက်
DVB
·
December 29, 2024
ကမ္ဘာ့စစ်တုရင်ချန်ပီယံ ကာလ်ဆင် ဂျင်းဘောင်းဘီ မလဲနိုင်သဖြင့် ပြိုင်ပွဲမှ နုတ်ထွက်
Donate to DVB

ကမ္ဘာ့နံပါတ်တစ် စစ်တုရင် ကစားသမား မဂ္ဂနပ်စ်ကာလ်ဆင်ဟာ ဂျင်းဘောင်းဘီဝတ်ပြီး ဆက်ကစားလို့ မရဘူးလို့ ပွဲကျင်းပသူတွေက ပြောတဲ့အတွက် အဓိက ပြိုင်ပွဲကြီးတခုကနေ နုတ်ထွက်သွားခဲ့ပါတယ်။ 

နယူးယောက်မှာ ပြုလုပ်တဲ့  အမြန်ရွှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေ (Fide World Rapid and Blitz Chess Championships) မှာ လက်ရှိချန်ပီယံဖြစ်နေတဲ့ ကာလ်ဆင်ဟာ ချန်ပီယံနေရာ ကာကွယ်ခွင့်အားလုံးကို လက်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

စစ်တုရင် အမှတ်ပေး သတ်မှတ်ချက်အရ လက်ရှိ ကမ္ဘာ့နံပါတ်တစ် ဖြစ်တဲ့ ကာလ်ဆင်က ပြီးခဲ့တဲ့ သောကြာနေ့က ပွဲစဉ်ယှဉ်ပြိုင်ဖို့အလာ ပြဿနာတက်ခဲ့တာ ဖြစ်ပါတယ်။ နောက်နေ့ကျမှ ဘောင်းဘီလဲပေးမယ် ပြောပေမဲ့ ဒဏ်တပ်ခံခဲ့ရသလို ချက်ချင်းလဲရမယ် ဆိုတဲ့အတွက် ဆက်မကစားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။  

ဝတ်စားဆင်ယင်မှုစည်းမျဉ်း (dress code) ဟာ ပါဝင်သူအားလုံး မျှမျှတတနဲ့ ပရော်ဖက်ရှင်နယ်ကျကျ ဖြစ်စေဖို့ သတ်မှတ်ထားတာလို့ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (ဖီဒဲ) က နောက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ကာလ်ဆင်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် စစ်တုရင်လောကကို စိုးမိုးထားခဲ့သူဖြစ်ပေမဲ့ အငြင်းပွားဖွယ်ရာတွေ လုပ်လေ့ရှိလို့ ထင်ရှားသူ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံနေရာလို့ အများ လက်ခံထားတဲ့ ကမ္ဘာ့ချန်ပီယံရှစ်ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံအဖြစ် သရဖူ ကာကွယ်ရမှာ ပျင်းလို့ ဆိုပြီးတော့ ၂၀၂၃ မှာ ဝင်မပြိုင်ခဲ့ပါဘူး။ 

၂၀၂၄ မှာလည်း  ကမ္ဘာ့အဆင့်တစ်အဖြစ် ဆက်ရှိနေတဲ့အတွက် သရဖူပြန်လုနိုင်ခဲ့ပေမဲ့ ဝင်မပြိုင်ခဲ့ပြန်ပါဘူး။ လက်ရှိမှာလည်း အမြန်ရွှေ့ရတဲ့ Bliz နဲ့ Rapid  ကမ္ဘာ့ချန်ပီယံသရဖူ နှစ်ခုစလုံးကို ဘောင်းဘီကိစ္စ အကြောင်းပြပြီး မကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။  

၂၀၂၂ နှစ်ခုနှစ်တုန်းကလည်း သူ့ကိုနိုင်သွားတဲ့ ပြိုင်ဘက်ဖြစ်သူဟာ မသမာမှု လုပ်တယ်ဆိုပြီး စွပ်စွဲခဲ့လို တရားတဘောင်ဖြစ်ခဲ့ပြီး မနှစ်ကမှ ဒေါ်လာ သန်း ၁၀၀ နဲ့ ကျေအေးခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာ ဂရန်းမာစတာ ဖြစ်လာခဲ့တဲ့ ကာလ်ဆင်ဟာ အခု အသက် ၃၄ နှစ်အရွယ်မှာ ဝတ်တာစားတာ ဂရုမစိုက်တော့ကြောင်း ဖြေရှင်းပါတယ်။ 

နေ့လယ်စာစားရင်း အစည်းအဝေး လုပ်စရာရှိလို့ ဂျင်းဘောင်းဘီ ဝတ်လာမိတာဖြစ်ပြီး ပြိုင်ပွဲဆက်သွားဖို့ ဘောင်းဘီပြန်လဲရမယ်လို့ တွေးတောင် မတွေးမိဘူးလို့ ဆိုပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013