DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးတွင် လေယာဉ်ပျက်ကျပြီး လူ ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
December 23, 2024
ဘရာဇီးတွင် လေယာဉ်ပျက်ကျပြီး လူ ၁၀ ဦးထက်မနည်း သေဆုံး
Donate to DVB

ဘရာဇီးနိုင်ငံတောင်ပိုင်းက ခရီးသွားလုပ်ငန်းထွန်းကာရာ ဂရာမာဒိုမြို့လယ်က ဈေးဆိုင်တွေပေါ်ကို လူ ၁၀ ယောက် လိုက်ပါလာတဲ့ လေယာဉ်ငယ်တစီး ဒီဇင်ဘာ ၂၂ ရက်က ပျက်ကျခဲ့တယ်လို့ အရပ်ဘက်ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။

ကနဦးသတင်းတွေအရ အသက်ရှင်ကျန်ရစ်သူမရှိပါဘူး။ လူ ၁၅ ယောက်ထက်မနည်းကို မြို့တော်ရဲ့ ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး အများစုဟာ လေယာဉ်ပျက်ကျမှုကြောင့် မီးခိုးငွေ့ရှူမိခဲ့တာလို့ ရီယို ဂရန်ဒီ ဒိုဆူလ် ပြည်နယ်ရဲ့ ပြည်သူ့လုံခြုံရေးရုံးက ဆိုပါတယ်။

လေယာဉ်ဟာ အဆောက်အအုံတခုရဲ့ မီးခိုးခေါင်းတိုင်ကို ပထမဆုံး တိုက်မိခဲ့ပြီး အိမ်တလုံးရဲ့ ဒုတိယထပ်ကိုပါ တိုက်ခဲ့တာပါ။ နောက်ဆုံးမှာ ပရိဘောဂဆိုင်ပေါ် ပျက်ကျသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အပျက်အစီးတွေကတော့ အနားက တည်းခိုခန်းပေါ်ကို ကျရောက်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုဖိုင်မှာ အိမ်နဲ့ စတိုးဆိုင်တွေ ပျက်ဆီးသွားခဲ့ပြီး မတော်တဆမှုဖြစ်တဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပုံကို ပြသခဲ့ပါတယ်။

ဧရိယာရဲ့ လမ်းမြင်ကွင်းပုံရိပ်နဲ့ ကိုက်ညီတဲ့ အဆောက်အဦတွေရဲ့ အကြမ်းထည်နဲ့ ဒီဇိုင်းတွေကြောင့် တည်နေရာကို သီးခြားအတည်ပြုနိုင်ခဲ့ပါတယ်။ မူရင်းဖိုင်ရဲ့ မက်တာဒေတာကြောင့် ရက်စွဲကိုပါ သီးခြားအတည်ပြုနိုင်ခဲ့တာပါ။

ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်ရဲ့ ရေပန်းအစားဆုံး ခရီးသွားနေရစ်တခုဖြစ်ပြီး တောင်ထူတဲ့ဒေသမှာ ရှိတဲ့ ဂရာမာဒိုမြို့မှာ အခုနှစ်အစောပိုင်းက မကြုံစဘူး ရေလွှမ်းမိုးမှု အပြင်းအထန် ရိုက်ခတ်ခဲ့တာပါ။

ခရစ္စမတ်မတိုင်မီ ရက်ပိုင်းအလိုမှာ ရိုးရာအလှဆင်မှုတွေနဲ့ ပွဲလမ်းသဘင်တွေ လက်ခံကျင်းပတဲ့ မြို့အတွက် အထူးအလုပ်များတဲ့ ကာလအတွင်း မတော်တဆ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013