DVB Logo
Home
နိုင်ငံတကာ
ဂျာမနီ အထက်တန်းကျောင်းတွင် အေအိုင်စက်ရုပ်ဆရာ စတင်စမ်းသပ်  
DVB
·
December 22, 2024
ဂျာမနီ အထက်တန်းကျောင်းတွင် အေအိုင်စက်ရုပ်ဆရာ စတင်စမ်းသပ်  
Donate to DVB

ဂျာမနီနိုင်ငံ၊ ဒဲလ်မန်ဟော့စ်ထ်မြို့ရှိ ဗင်းမ်စ်အထက်တန်းကျောင်းက ကျောင်းသားတွေဟာ အခုသီတင်းပတ်အတွင်း ထူးထူးခြားခြား ဧည့်သည်တော်တယောက်အဖြစ် ကက်ပ်ချာ အမည်ရှိ လူသားဆန်တဲ့ အေအိုင်ဉာဏ်ရည်တု စက်ရုပ်ကို လက်ခံတွေ့ဆုံခဲ့ကြပြီး စက်ရုပ်ကက်ပ်ချာဟာ တနေ့တာ ဟောပြောပွဲနဲ့ စကားရည်လုပွဲမှာ ကျောင်းသားတွေကို ဦးဆောင်ခဲ့ပါတယ်။

ဟီဒိုဘာသုတေသနအဖွဲ့က တီထွင်ထားတဲ့ စက်ရုပ်ဆရာနဲ့ ကျောင်းသားတွေဟာ  အေအိုင်ဉာဏ်ရည်တုနဲ့ လူ့အဖွဲ့အစည်းရဲ့ မတူညီတဲ့ ရှုထောင့်တွေအပေါ် သူ့ရဲ့လွှမ်းမိုးမှု အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆယ်ကျော်သက် ကျောင်းသားတွေဟာ သူတို့ရဲ့  စက်ရုပ်ဆရာနဲ့ အတွေ့အကြုံသစ်ကို သဘောကျ နှစ်သက်ပုံပေါ်တယ် လို့ ဆိုပါတယ်။

ကျောင်းသားကေနန် ဇိုးန်မက်ဇ်က “အဆက်အသွယ် ပြတ်တောက်တာ နည်းနည်းတော့ ရှိပေမဲ့ ဆွေးနွေး ငြင်းခုံမှုတွေကတော့ အရမ်းကို ခိုင်မာတယ်” လို့ ပြောပါတယ်။

ဗင်းမ်စ်အထက်တန်းကျောင်းဟာ ဒီပွဲအတွက် မီဒီယာအာရုံစိုက်မှုကို ရရှိခဲ့ပြီး မီဒီယာ အများအပြားထဲမှာမှ ဂျာမနီရဲ့ အကျော်ကြားဆုံး ညနေခင်းသတင်းအစီအစဉ်ဖြစ်တဲ့ တားဂက်စ်ရှောင်းဟာ ကျောင်းကို လာရောက်ပြီးတော့ ကျောင်းသားတွေနဲ့ စက်ရုပ် ၂ ခုလုံးကို အင်တာဗျူးလုပ်သွားပါတယ်။

ဒီအခမ်းအနားကို ကျောင်းသားကျောင်းသူတွေ ကိုယ်တိုင် အစပြုကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက စီစဉ်ကျင်းပတဲ့ “AI for Good” ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ကျောင်းသားတွေဟာ အေအိုင် စက်ရုပ် “ကက်ပ်ချာ” နဲ့ သူ့ကို တီထွင်သူတွေကို သိခွင့်ရခဲ့ပြီးတော့ သူတို့ကျောင်းမှာ စမ်းသပ်မှုလုပ်ဖို့ အကြံပြုခဲ့ကြတာပါ။

ဒဲလ်မန်ဟော့စ်ထ်မြောက်ပိုင်းရှိ  ဗင်းမ်စ်အထက်တန်းကျောင်းဟာ နည်းပညာဆိုင်ရာ ဘာသာရပ်တွေအတွက် အထူးအရေးပါပြီး (I_make_AI) ဆိုတဲ့ hashtag အောက်မှာ အေအိုင်နည်းပညာမြှင့်တင်ရေးအတွက် ကမ်ပိန်းတခုကို လုပ်ဆောင်ခဲ့ပါတယ်။

ကျောင်းရဲ့ဆက်သွယ်ရေးအဖွဲ့ရဲ့ အဆိုအရ အေအိုင်ဆရာဟာ ဥရောပမှာ စက်ရုပ်ဦးဆောင်သင်ခန်းစာရဲ့ ပထမဆုံးလက်တွေ့ပိုင်း စမ်းသပ်မှုတွေထဲက တခုဖြစ်ပါတယ်။

ဟီဒိုဘာ သုတေသနအဖွဲ့ဟာ ဟောင်ကောင်မှာ တည်ရှိတဲ့ စက်ရုပ်ကုမ္ပဏီတခုဖြစ်ပြီး လူမှုဆက်ဆံရေးနဲ့ ပညာရေးအတွက် လူသားဆန်တဲ့ စက်ရုပ်တွေကို တီထွင်မှုအပေါ် အာရုံစိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013