
ရုရှားနိုင်ငံရဲ့ နျူးကလီးယား၊ ဇီဝနဲ့ ဓာတုဗေဒ ကာကွယ်ရေးတပ်ဖွဲ့များ အကြီးအကဲ ဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့ဗ်ကို သတ်ဖြတ်မှုမှာ သံသယရှိသူ ဥဇဘက်အမျိုးသားကို တရားခွင်အကြို ထိန်းသိမ်းရေးစခန်းကို ၂ လလောက် ပို့ဆောင်ထားဖို့ မော်စကိုမြို့ရှိ တရားရုံးတရုံးက ဒီဇင်ဘာ ၁၉ ရက်မှာ အမိန့်ချခဲ့ကြောင်း တရားရုံးက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ပြောကြားခဲ့ပါတယ်။
သံသယရှိသူ အမျိုးသားကို လူသေဆုံးစေခဲ့တဲ့ အကြမ်းဖက်မှုဥပဒေနဲ့ တရားစွဲဆိုထားကြောင်း ဒီဇင်ဘာ ၁၉ ရက်က မော်စကိုတရားရုံးရဲ့ ၀က်ဘ်ဆိုက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
သံသယရှိသူကို ယူကရိန်းရဲ့ SBU လုံခြုံရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ရုရှားရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီး ကီရီလော့ဗ် သေဆုံးခဲ့တဲ့ မော်စကိုမှာ ဗုံးထောင်၊ ဖောက်ခွဲခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဥဇဘက်ကစ္စတန်ဇာတိ အမျိုးသားတယောက်ကို ဖမ်းဆီးထားကြောင်း ရုရှားက ဒီဇင်ဘာ ၁၈ ရက်မှာ ပြောထားပါတယ်။
Source : Reuters