DVB Logo
Home
မြန်မာသတင်း
သာပေါင်းတွင် အရပ်သား ၅ ဦးကို  AA တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ
DVB
·
April 7, 2026
သာပေါင်းမြို့။ (Photo: KKL)
သာပေါင်းမြို့။ (Photo: KKL)
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးနေရတဲ့ အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာက အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဧပြီ ၅ ရက်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေက အရပ်သားတွေပါ။ စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ ဆိုပြီး ဖမ်းထားတာ။ သာပေါင်းရဲစခန်းမှာ အမှုဖွင့်ခံရတာ၊ အကြမ်းဖက်ဥပဒေနဲ့” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သား ၅ ယောက်ဟာ အသက် ၃၀ နှစ်အရွယ်ကို ကျော်ကျော်၊ ကိုဝင်းသူနဲ့ တခြား လူငယ်ပိုင်းအမျိုးသားတွေ ဖြစ်ပါတယ်။

သာပေါင်းဒေသခံ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “AA တပ်သားတွေဆိုပြီး ဖမ်းခဲ့တာ။ အဖမ်းခံရသူတွေကို အမှုဖွင့်တယ်လို့ပဲသိရပါတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်မပေးဘူး” လို့ ပြောပါတယ်။ 

လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း အပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အရပ်သား ဒေသခံတွေကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေက အထူးစောင့် ကြည့်စစ်ဆေး ဖမ်းဆီးနေတယ်လို့တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် လတ်တလောအနေနဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ သာပေါင်းမြို့နယ်ထဲ ရခိုင်ရိုးမအစပ်က ကျေးရွာတချို့မှာ တိုက်ပွဲဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013