DVB Logo
Home
နိုင်ငံတကာ
ဖမ်းဆီးထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အား ချက်ချင်းလွှတ်ပေးရန် ဗင်နီဇွဲလားကို အာဂျင်တီးနား တောင်းဆို
DVB
·
December 19, 2024
ဖမ်းဆီးထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အား ချက်ချင်းလွှတ်ပေးရန် ဗင်နီဇွဲလားကို အာဂျင်တီးနား တောင်းဆို
Donate to DVB

ဗင်နီဇွဲလားမှာ ထိန်းသိမ်းခံထားရတဲ့ အာဂျင်တီးနား လုံခြုံရေးတပ်ဖွဲ့ဝင် နာဟွဲလ် ဂါယိုကို ချက်ချင်းပြန်လွှတ်ပေးဖို့ အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေ့က ဒီဇင်ဘာ ၁၇ ရက် အမျိုးသားစစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောနေချိန်အတွင်း ထည့်သွင်းပြောကြား တောင်းဆိုလိုက်ပါတယ်။

ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေက ဂါယိုကို တရားမ၀င် ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဂျင်တီးနားသမ္မတ မီလေ့က စွပ်စွဲခဲ့ပြီး အာဂျင်တီးနားကို ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာနိုင်ရေးအတွက် သံတမန်လမ်းကြောင်း အားလုံးကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အာဂျင်တီးနားတပ်သား နာဟွဲလ် ဂါယိုဟာ ကိုလံဘီယာနယ်စပ်ကို ဖြတ်ကျော်ပြီးနောက် ဗင်နီဇွဲလားရှိ မိသားစုဆီ တရားဝင် အလည်အပတ်သွားရောက်ချိန်မှာ ဒီဇင်ဘာ ၈ ရက်က ဖမ်းဆီးခံခဲ့ရတာပါ။

ဒီဖြစ်ရပ်ကြောင့် အာဂျင်တီးနားနဲ့ ဗင်နီဇွဲလားကြား သံတမန်ဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့ပြီး ဂါယိုကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုမှုတွေ ပိုပြင်းထန်လာပါတယ်။

အာဂျင်တီးနားသမ္မတ ပြောရေးဆိုခွင့်ရှိသူ မာနူယယ်လ် အဒေါ်ရ်နီ ကလည်း အာဂျင်တီးနား နိုင်ငံသားတွေ ဗင်နီဇွဲလားနိုင်ငံကို မသွားရောက်ကြဖို့ ဒီဇင်ဘာ ၁၇ ရက်မှာ သတင်းစာရှင်းလင်းပွဲတခုအတွင်း အကြံပေး ပြောကြားခဲ့ပါတယ်။

အဒေါ်ရ်နီဟာ ဗင်နီဇွဲလားနိုင်ငံကို သွားရောက်တာနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို အလေးပေး ပြောကြားခဲ့ပြီး ဗင်နီဇွဲလားအစိုးရကို “ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရ” အဖြစ် ခေါ်ဆိုခဲ့ပါတယ်။

အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး ဟယ်ရားဒို ဗယ်ရ်ဟိုင်က ဂါယို ဖမ်းဆီးခံရမှုကို “တရားမ၀င် ပြန်ပေးဆွဲမှု” လို့ အင်္ဂါနေ့က တံဆိပ်ကပ် ပြောကြားလိုက်ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဂါယိုကို သူလျှိုလုပ်တယ်လို့ စွပ်စွဲမှုအတွက် ဗင်နီဇွဲလား ပြည်ထဲရေး၊ တရားရေးနဲ့ ငြိမ်းချမ်းရေးဝန်ကြီး ဒီယိုစ် ဒါးဒိုး ကာဘယ်ယို ကိုလည်း ဝေဖန်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013