DVB Logo
Home
မြန်မာသတင်း
တရားမျှတမှုမရှိတဲ့ ခြံအမှတ် ၅၄ လေလံ
DVB
·
December 19, 2024
တရားမျှတမှုမရှိတဲ့ ခြံအမှတ် ၅၄ လေလံ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂.၉၇ သန်းနဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ တတိယအကြိမ်လေလံတင်ဖို့ ကမာရွတ်ခရိုင်တရားရုံးက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂.၉၇ သန်းနဲ့ တတိယအကြိမ်လေလံတင်ဖို့ ကမာရွတ်ခရိုင်တရားရုံးက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဆုံးဖြတ်ချက်ချလိုက်တာပါ။ 

၂၀၂၅ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ခြံအမှတ် ၅၄ ကို တတိယအကြိမ်လေလံတင်သွားမှာဖြစ်ပြီး ဦးအောင်ဆန်းဦးတောင်းဆိုထားတဲ့ သတင်းစာမှာကြော်ငြာဖော်ပြဖို့နဲ့ လေလံဆွဲမယ့်သူရှိရင် ခြံဝင်းထဲကိုလိုက်ပြဖို့အချက်တွေကို တရားရုံးက လိုက်လျောထားတယ်လို့ သိရပါတယ်။

တရားရုံးနဲ့နီးစပ်သူတယောက်က “၂ လပိုင်း ၅ ရက်နေ့က လေလံပစ်မယ့်နေ့လေ။ ၂.၉၇ သန်း။ ဦးအောင်ဆန်းဦး ဘက်ကနေပြီးတော့ ၂.၉ နဲ့ပစ်ဖို့ ပြောတာ။ တရားရုံးက ၂.၉၇ နဲ့လုပ်တာ။ ဘာမှမထူးခြားပါဘူးဗျ။ သူတို့လုပ်တဲ့ဟာတော့ အန်တီက သဘောတူတယ် မတူဘူး၊ သူလက်ခံတယ် မခံဘူးဆိုတာ ဘာမှမသိရဘူးလေ။ ဒီဈေးနှုန်းတွေနဲ့ပတ်သက်လို့” လို့ ပြောပါတယ်။

ခြံအမှတ် ၅၄ ကို ကမာရွတ်ခရိုင်တရားရုံးက မတ် ၂၀ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း နဲ့ လေလံတင်ခဲ့ပြီး ဩဂုတ် ၁၅ ရက်နေ့မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ် လေလံတင်ခဲ့တာပါ။

ရှေ့ကလေလံ ၂ ကြိမ် တင်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ အခုတတိယအကြိမ် လေလံဈေးသတ်မှတ်တာတွေမှာ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောဆန္ဒမပါဘဲ လုပ်ထုံးလုပ်နည်းတွေကိုကျော်လွန်ပြီး တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “မြန်မာပြည်ရဲ့လက်ရှိ တရားစီရင်ရေးစနစ်က ပျက်နေပြီလေ။ လုံးဝပျက်သွားပြီ။ ဒီစုံညီခုံရုံးဆိုတာ နိုင်ငံတော်မှာအမြင့်ဆုံးပဲ။ အဲ့ဒီစုံညီခုံရုံးကနေ ပယ်ထားတဲ့ဟာကို တရားသူကြီးချုပ်ကို ပြန်ဖွင့်ခိုင်းပြီးတော့ အောင်ဆန်းဦးကို အနိုင်ပေးလိုက်တယ်ဆိုကတည်းက အဲ့ဒီထဲက တရားစီရင်ရေးက စပျက်တာ၊ ပျက်နေတဲ့အခါကြတော့ လေလံဆွဲတာတွေ ဘာတွေက ဘယ်လိုလုပ်ပြီး တရားမျှတမှာလဲကွာ။ တရားမမျှတတဲ့ တိုင်းပြည်မှာတော့ အဲ့ဒါတွေက ဆက်ဖြစ်နေမှာပဲပေါ့။ ဒါပေမဲ့ တို့ပြောချင်တာ အချုပ်ကတော့ တိုင်းပြည်ရဲ့ ရတနာကိုထိတဲ့လူကတော့ ဘေးတွေ့လိမ့်မယ်လို့ အဲ့ဒါပြောချင်တယ်နော်” လို့ ပြောပါတယ်။

ရှေ့နေအဖွဲ့က ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုရယူဖို့ တွေ့ဆုံခွင့်အကြိမ်ကြိမ် တောင်းခဲ့ပေမဲ့ တရားရုံးက မသိကျိုးကျွံပြုပြီး လက်ရှိအချိန်အထိ တွေ့ဆုံဖို့ ခွင့်ပြုချက်မပေးခဲ့ပါဘူး။ 

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၃ ဒီဇင်ဘာလမှာ ရှေ့နေတွေက နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး အချိန် ၂ နှစ်နီးပါး စစ်ကောင်စီက ပြင်ပနဲ့အဆက်အသွယ်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013