DVB Logo
Home
မြန်မာသတင်း
လားရှိုးမှ ဆုတ်ခွာရန် MNDAA ကို စစ်ကောင်စီတောင်းဆို
DVB
·
December 18, 2024
လားရှိုးမှ ဆုတ်ခွာရန် MNDAA ကို စစ်ကောင်စီတောင်းဆို
Donate to DVB

တရုတ်ရဲ့ ကြားဝင်ကမကထလုပ် ကျင်းပခဲ့တဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က  MNDAA တပ်တွေ လားရှိုးကနေ ပြန်ဆုတ်ဖို့ တောင်းဆိုခဲ့တဲ့အတွက် ဆွေးနွေးပွဲပျက်ခဲ့တယ်လို့ MNDAA ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ MNDAA  နှစ်ဖက်ကိုယ်စားလှယ်တွေ  တွေ့ဆုံဆွေးနွေးရာမှာ MNDAA အနေနဲ့ လားရှိုးမြို့ကနေ တပ်ဆုတ်ပေးရမယ်ဆိုတဲ့အချက် အပါအဝင် လက်မခံနိုင်တဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ အထမမြောက်ဘဲ တွေ့ဆုံပွဲတခုသာသာလောက်ပဲ ဖြစ်ခဲ့တယ်လို့ MNDAA သတင်းအရင်းမြစ်က ပြောပါတယ်။

“လားရှိုးကနေ MNDAA တပ်တွေ ဆုတ်ခွာပေးရမယ်၊ ရမခမှာ သူတို့တပ်တွေ ပြန်ထိုင်ပြီးရင်လည်း ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ရတော့ဘူးဆိုတဲ့ တောင်းဆိုချက်တွေပါ။ အဲဒီအချက်တွေကို MNDAA ဘက်က လက်မခံခဲ့ပါဘူး။ အ‌သေးစိတ်‌‌တော့ ပြောလို့မရပါဘူး။”

လက်ရှိမှာလည်း MNDAA တပ်တွေအနေနဲ့ လားရှိုးမြို့က ဆုတ်ခွာထားတာမရှိဘဲ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ကာ မြို့ခံပြည်သူတွေအတွက် ဖွံ့ဖြိုးရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“လားရှိုးက တပ်ဆုတ်တာလည်း မရှိပါဘူး။ ကျနော်တို့ တရားဝင်သတင်းထုတ်ပြန်မှ အတည်ဖြစ်တယ်ဆိုတာ အသိပေးချင်ပါတယ်” လို့ MNDAA သတင်းအရင်းမြစ်က ဆိုပါတယ်။

လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေကို အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ရပြီး တရုတ်ရဲ့ ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အခုလ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အခုလို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှု မအောင်မြင်တဲ့အတွက် လာမယ့် နှစ်ဆန်းပိုင်းမှာ နောက်တကြိမ်ဆွေးနွေးဖို့ ရှိပေမဲ့ အချိန်ကာလနဲ့ နေရာအတိအကျကိုတော့ မသိရသေးပါဘူး။

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ မူဆယ် ၁၀၅ မိုင် အပါအဝင် တရုတ်နယ်စပ်ရှိ မြို့ပေါင်း ၈ မြို့ကို သိမ်းပိုက်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013