DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ခရစ္စမတ်ပွဲကျင်းပသည့် မြန်မာ ၇၀ ခန့် ဖမ်းဆီးခံရ
DVB
·
December 16, 2024
မလေးရှားတွင် ခရစ္စမတ်ပွဲကျင်းပသည့် မြန်မာ ၇၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ နီဂရီဆီမီလန်းပြည်နယ်၊ နီလိုင်းမြို့က ဟိုတယ်တခုမှာ  ခရစ္စမတ် အကြိုပွဲတော် ကျင်းပနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ထဲက ၆၉ ယောက်ကို တရားမဝင်စုဝေးမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီ ခွဲမှာ နီလိုင်းမြို့က ဟိုတယ်တခုမှာ ကျင်းပတဲ့ ခရစ္စမတ်ပွဲကို  အိုင်ပီကေရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး(လဝက)တို့ပူးပေါင်းပြီး ပွဲစီစဉ်သူ ၄ ယောက် အပါအဝင် တရားဝင်အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံထားရသူတွေထဲ  အမျိုးသား ၅၅ ယောက်နဲ့ အမျိုးသမီး ၁၄ ယောက် ပါဝင်ပြီး သူတို့ဟာ အသက်၂၀ ကနေ ၄၆ ကြားအရွယ်တွေ ဖြစ်ပါတယ်။

မလေးရှားရောက်မြန်မာတယောက်က “ခရစ္စမတ်အကြိုပွဲကျင်းပတာ သူတို့က ပွဲခွင့်ပြုမိန့်မယူတော့ ရဲတွေက ဝင်စစ်တော့ တွေ့သွားတာ။ အကုန်လုံး အဖမ်းခံလိုက်ရတယ်။ ပါမစ်ကတ် ရှိတဲ့သူတွေ ယူအန်ကတ် ကိုင်ဆောင်တဲ့သူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ ဘာအထောက်အထားမှ မရှိတဲ့သူနဲ့ ပွဲစီစဉ်သူတွေကိုတော့ ဖမ်းထားတုန်းပေါ့”လို့ ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ နိုင်ငံကူးလက်မှတ်အက်ဥပဒေနဲ့ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများဥပဒေတွေကို ဖောက်ဖျက်မှုနဲ့ ဆက်လက်စုံစမ်းအရေးယူဖို့ စီစဉ်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013