
အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်သွားဖို့အတွက် နောက်ခံလူ ဘန်ဝှိုက်နဲ့ ဆွေးနွေးဖို့ရှိတယ်လို့ နည်းပြသစ်တူဟယ်က ပြောသွားပါတယ်။
အသက် ၂၇ နှစ်ရှိ အာဆင်နယ်ညာနောက်ခံလူ ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းမှာ လက်ထောက်နည်းပြ စတိဟော်လန်နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် အသင်းလူစာရင်းကနေ နုတ်ထွက်ပြီး အိမ်ပြန်လာခဲ့တာပါ။
ဘန်ဝှိုက်အပါအဝင် အင်္ဂလန် ကစားသမားအားလုံးရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စိတ်သစ်လူသစ်နဲ့ ကိုင်တွယ်သွားမှာဖြစ်တယ်လို့ နည်းပြတူဟယ်က ပြောပါတယ်။
အသင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်ရင်တော့ တိုက်စစ်မှူး ဟယ်ရီကိန်းကိုပဲ ဆက်လက်တာဝန်ပေးသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ အပြောင်းအလဲလုပ်စရာ မလိုအပ်ကြောင်း အင်္ဂလန်နည်းပြ တူဟယ်က ပြောသွားပါတယ်။