DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
December 13, 2024
ပုလဲမြို့အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့အနီးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁‌‌၂ ရက် မနက် ၁၀ နာရီ‌ကျော်လောက် တကြိမ်၊ ၁၁ နာရီကျော်တကြိမ် စုစုပေါင်း ၂ ကြိမ် ပစ်ခတ်မှု ပြုလုပ်သွားတယ်လို့  ဒေသခံတွေက သိရပါတယ်။

ဒေသခံတယောက်က “နမခကနေ ပထမဆုံး Mi35 တစီး၊ Mi17 စုစုပေါင်း ၂ စီးနဲ့ အရင်ရောက်လာပြီး Mi35 က အပေါ်ကနေ ကင်းယူကာ မြို့အနီးကို ပတ်ပစ်တာဗျ။ Mi17 က မြေပြင်ဆင်းပြီး ပုလဲမြို့ထဲက စစ်သားတွေ သယ်သွားတယ်။ နောက်ထပ် ၁၁ နာရီကျော်မှာလည်း Mi35 တစီးနဲ့ Mi17 တစီး ထပ်လားပြီး ပထမအကြိမ်လို ပတ်ပစ်တယ်။ Mi17 က မြေပြင်ဆင်းပြီး စစ်သားတွေ သယ်သွားတယ်။ မြေပြင်အထိခိုက်တော့ မရှိဘူးလို့တော့ သိထားရတယ်” လို့ ပြောပါတယ်။

အဆိုပါလေယာဉ်တွေဟာ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ လာရောက်ပစ်ခတ်တာလို့လည်း သိရပါတယ်။

ပုလဲမြို့နယ် ပအဖအဖွဲ့ဝင် ကိုကျော်စိုးဝင်းက “ကျနော်တို့ တော်လှန်ရေးဘက်က မြေပြင်ဆင်းတဲ့ လေယာဉ်ကို အနီးကပ် ချောင်းပစ်တာတော့ လုပ်တယ်။ သူတို့ဘက်က စစ်သားအပြောင်းအလဲ လုပ်တာဖြစ်တယ်လို့ ကျနော်တို့ သိထားရတယ်။ ပုလဲမြို့သိမ်းတိုက်ပွဲတုန်းက အင်းအားလာဖြည့်ထားတဲ့ စစ်သားတွေကို နမခကို ပြန်ခေါ်ပြီး နမခက နေသင်တန်း လုံးဝမဆင်းဘူးသေးတဲ့ စုဆောင်းရေးတပ်သား အသစ် ၅၀ နဲ့ တပ်ရင်း ၂၅၆ က တပ်သားများကို ပုလဲကို ပို့တာလို့ သိထားရပါတယ်” လို့ DVBကို ပြောပါတယ်။

ပုလဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ကတော့ စစ်ရေးအခြေအနေက တဖက်ကိုတဖက် စောင့်ကြည့်အနေထားရှိနေပြီး အချိန်အခါမရွေး တိုက်ပွဲဖြစ်ပွားနိုင်ခြေ ရှိနေတာကြောင့် ဒေသခံတွေ နေရပ်ပြန်မဝင်နိုင်ကြသေးဘဲ စစ်ဘေးရှောင် နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ကတာ့ ဒီဇင်ဘာ ၁၂ ရက်ကက စစ်သားတွေအပြင် ပုလဲမြို့အတွင်းက Non-CDM ဝန်ထမ်းတွေကိုလည်း လေယာဉ်နဲ့ နမခဘက်ကို ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013