DVB Logo
Home
မြန်မာသတင်း
စမွတ်စခွန်းတွင် တရားမဝင်မြန်မာလုပ်သား ၁၃၀ နီးပါး ဖမ်းဆီးခံရ
DVB
·
December 13, 2024
စမွတ်စခွန်းတွင် တရားမဝင်မြန်မာလုပ်သား ၁၃၀ နီးပါး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်းခရိုင်ရှိ ဂိုဒေါင်တခုထဲမှ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၁၃၀ နီးပါး ဖမ်းဆီးခံရတယ်လို့  naewna.com ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

စမွတ်စခွန်းခရိုင် စမွတ်စခွန်းမြို့ ဘန့်နမ့်ကျစ်ရပ်ကွက်ရှိ ဂိုဒေါင်ကြီးတခုထဲမှာ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် ဒေသခံ ရဲတပ်ဖွဲ့၊ အလုပ်သမားရုံး၊ အုပ်ချုပ်ရေးရုံး၊ အမျိုးသားလုံခြုံရေးကောင်စီက တာဝန်ရှိသူတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ စမွတ်စခွန်းခရိုင် လဝကရဲမှူးကြီး ပုပ်ချတ်ချိုင်း ဆူကဝပ်က ဒီကနေ့ (ဒီဇင်ဘာ ၁၃) မှာ သတင်းထောက်တွေကို ပြောပါတယ်။  

အဆိုပါဂိုဒေါင်မှာ ပါဆယ်ထုတ်ပို့ဆောင်ရေး လုပ်ဆောင်နေတာဖြစ်ပြီး ဂိုဒေါင်ကြီးထဲမှာ ပစ္စည်းတွေ ထုတ်ပိုးနေတဲ့ အလုပ်သမားတွေကို တွေ့ရတယ်၊ စုစုပေါင်း ၁၂၈ ဦးရှိပြီး မြန်မာ အလုပ်သမားတွေချည်းဖြစ်ကာ အားလုံးနီးပါးက နိုင်ငံကူးလက်မှတ်မရှိ၊ နေထိုင်ခွင့် အထောက် အထားနဲ့ အလုပ်သမားကတ် မရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အမျိုးသား ၂ ယောက်မှာ  လက်ရှိ ဆူပူသောင်းကျန်းနေတဲ့ အမှတ် ၀၃၇ မာဖီး ယားဂိုဏ်း အမှတ်တံဆိပ် ဆေးမင်ကြောင်ထိုးထားတာလည်း တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့အား စမွတ်စခွန်းလဝကရဲစခန်းကို ခေါ်ဆောင်သွားပြီး လဝကဥပဒေ အရ အရေးယူပြီးရင် ပြည်နှင်ဒဏ်ပေးမယ်၊ မာဖီးယားတံဆိပ် ဆေးမင်ကြောင်ပါသူ ၂ ယောက် ကိုတော့ အဆိုပါဂိုဏ်းနဲ့ ပတ်သက်မှုရှိမရှိ ဆက်လက်စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၂ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် ဆီရီရတ်စဒွန်း အုပ်စုထဲမှာ  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး လမ်းပြ (ယာဉ်မောင်း)  တဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ရာ့ချ်မနူးစစ်ကြောင်း နဲ့ နရေးဆွန်စစ်ကြောင်းမှ တာဝန်ရှိသူတွေဟာ ဒီဇင်ဘာ ၁၂ ရက် ညက နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေတွင်း လှည့်လည်စစ်‌ဆေးစဉ် ပါခါးမိုင်ကျေးရွာအနီး တောလမ်းတခုမှာ မသင်္ကာဘွယ် အပြာရောင် တိုယိုတာဟိုင်းလပ်စ်ကားတစီးကို စစ်ဆေးရာက သူတို့ကိုဖမ်းဆီးရမိခဲ့တာပါ။ 

စစ်ဆေးချက်အရ သူတို့ဟာ ထိုင်းနိုင်ငံထဲမှာ စက်လာချုပ်ရင် လစာ ၁၅ ရက်ကို ဘတ် ၁၅၀၀၀ ရမယ်ဆိုလို့ ပွဲစားအဆက်အသွယ်နဲ့  ရေလမ်းကနေ ဝင်ရောက်လာခဲ့တယ်၊ ကားသမားကတော့ သူတို့တွေကို စုရပ်တနေရာကို ပို့ဆောင်ပေးဖို့ ပွဲစားက ဆက်သွယ်ထားလို့ လာကြိုတာဖြစ်တယ်၊ ပို့ဆောင်ခတဦးလျှင် ဘတ် ၃၀၀ သာရတယ်လို့ ဝန်ခံသွားပါတယ်။ 

Source: naewna / AEC Thai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013