DVB Logo
Home
အားကစား
လက်ကျန် ၂ ပွဲစလုံးအနိုင်ရမှသာ မြန်မာအသင်းနောက်တဆင့်တက်ရန် မျှော်မှန်းနိုင်မည်
DVB
·
December 13, 2024
လက်ကျန် ၂ ပွဲစလုံးအနိုင်ရမှသာ မြန်မာအသင်းနောက်တဆင့်တက်ရန် မျှော်မှန်းနိုင်မည်
Donate to DVB

လက်ရှိကျင်းပနေတဲ့ အာဆီယံ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက အုပ်စုလက်ကျန် ၂ ပွဲစလုံး အနိုင်ရမှသာ နောက်တဆင့် ဆီမီးဖိုင်နယ်တက်ခွင့် မျှော်မှန်းနိုင်တော့မှာပါ။

ဒီဇင်ဘာ ၁၂ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖိလစ်ပိုင်နဲ့ အုပ်စုဒုတိယပွဲစဉ်မှာ မြန်မာအသင်းက တဂိုးစီသရေရလဒ်နဲ့ ကစားနိုင်ခဲ့ပြီး  အုပ်စုပွဲစဉ် ၂ ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မြန်မာနဲ့ တအုပ်စုတည်းဖြစ်တဲ့  အင်ဒိုနီးရှားနဲ့ လာအိုတို့ရဲ့ မနေ့ညကပွဲစဉ်မှာတော့ တဖက် ၃ ဂိုးစီ သရေကျသွားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ရန်ကုန် အိမ်ကွင်းမှာ အင်ဒိုနီးရှား ယူ -၂၁ အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ  ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာအသင်းပါဝင်တဲ့အုပ်စုမှာ အင်ဒိုနီးရှားက ၂ ပွဲ ကစား ၁ ပွဲနိုင် ၁ ပွဲ သရေရလဒ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပြီး ဗီယက်နမ်က တပွဲကစား တပွဲနိုင်ရလဒ်နဲ့ အဆင့်၂ ၊ ဖိလစ်ပိုင်က တပွဲကစား တပွဲသရေ ရလဒ်နဲ့ အဆင့် ၃ နေရာတွေမှာ သီးသီးရပ်တည်နေတာပါ။

မြန်မာအသင်းဟာလာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာ လာအိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ ဗီယက်နမ်နဲ့ အဝေးကွင်းပွဲစဉ် သွားရောက်က စားရမှာပါ။

မြန်မာအသင်းဟာ အဲဒီလက်ကျန် ၂ ပွဲစလုံးအနိုင်ရရှိမှာသာ ဆီမီးဖိုင်နယ်တက်ဖို့ မျှော်မှန်းနိုင်မှာပါ။ လက်ရှိစွမ်းဆောင်ရည်အရတော့ မြန်မာအသင်းရဲ့ ခြေစွမ်းအပေါ် ပရိသတ်တွေက အားမလိုအားမရဖြစ်နေပြီး အုပ်စုအဆင့်ကနေပဲ ပြန်လာရလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်နေကြပါ တယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013