
United Healthcare ကျန်းမာရေးအာမခံကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူကို သတ်ဖြတ်ခဲ့မှုနဲ့ လူအီးဂျီ မန်ဂျုံးနေအား လူသတ်မှုနဲ့ စွဲချက်တင်လိုက်တဲ့နောက်မှာ သူ တရားရင်ဆိုင်ဖို့အတွက် အွန်လိုင်းကနေ လှူဒါန်းမှုပေါင်း ထောင်ချီ ရှိနေပါတယ်။
လှူဒါန်းသူတွေက သူ့ကို ထောက်ခံတဲ့ မက်ဆေ့ချ်တွေ ပို့ကြသလို၊ တချို့ဆိုရင် ဒီရာဇဝတ်မှုကို ဂုဏ်ယူတဲ့အနေနဲ့ အားပေးနေကြပါတယ်။
နယူးယောက်မြို့မှာ စီအီးအိုတွေရဲ့ မျက်နှာပုံတွေပါတဲ့ "အလိုရှိသည်" ပိုစတာတွေ နံရံတွေပေါ်မှာ ပေါ်လာပါတယ်။ ဝက်ဘ်ဆိုက်တွေက မန်ဂျီယိုနီရဲ့ ပစ္စည်းတွေကို ရောင်းနေကြပြီး၊ ပစ်မှတ်ပုံပေါ်မှာ "စီအီးအို လိုက်လံသတ်ဖြတ်သူ" ဆိုတဲ့ စာသားပါတဲ့ ဦးထုပ်တွေလည်း ပါပါတယ်။
လူမှုကွန်ရက်သုံးစွဲသူ တချို့ကတော့ သူ့ရဲ့ အပြုံးနဲ့ သူ့ရဲ့ six-pack ဗိုက်ကြွက်သားတွေကို သဘောကျ ချီးကျူးနေကြပါတယ်။
ဒီဇင်ဘာ ၄ ရက်က မန်ဟက်တန်က ဟိုတယ်တခုအပြင်မှာ စက်မှုလုပ်ငန်း ညီလာခံတခု မကျင်းပခင် မျက်နှာဖုံးတပ်ပြီး ပစ်ခတ်ခဲ့တာပါ။
ဒီဖြစ်ရပ်နောက်ပိုင်း တိုက်ခိုက်သူကို ၅ ရက်ကြာ ရှာဖွေခဲ့ရပါတယ်။ နာမည်ကြီး တက္ကသိုလ်ဆင်း၊ ပညာထူးချွန်သူ၊ ရုပ်ရည်ခန့်ညားသူအဖြစ် အသက် ၂၆ နှစ်အရွယ် မန်ဂျီယိုနီဟာ လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်။
တချို့အွန်လိုင်းလူမှုကွန်ရက်တွေမှာ သူ့ကို ပုံပြင်တွေထဲက သူရဲကောင်းတယောက်၊ ဆဲလ်လီတယောက်၊ မိန်းကလေးတွေ ကြွေရတဲ့ (Crush ဖြစ်ရတဲ့) သူတယောက်အဖြစ် ပုံဖော်နေကြပါတယ်။
GiveSendGo ရန်ပုံငွေ စုဆောင်းတဲ့ ဆိုက်မှာရှိတဲ့ မက်ဆေ့ချ်အများစုက အမေရိကန်တွေရဲ့ ကျန်းမာရေး အာမခံစနစ်အပေါ် နက်ရှိုင်းတဲ့ စိတ်ပျက်မှုကို ထင်ဟပ်နေပါတယ်။
လူနာတွေရဲ့ အာမခံ အကျုံးဝင်မှုပေါ် မူတည်ပြီး ကုသမှုတွေနဲ့ ငွေပြန်အမ်းမှုတွေကို ငြင်းပယ်နိုင်တဲ့ အခြေအနေတွေ၊ ဝင်ငွေ မညီမျှမှု မြင့်တက်လာတာနဲ့ အမှုဆောင်အရာရှိတွေကျတော့ လစာတွေ အများကြီးတိုးယူလာကြတာတွေအပေါ် မကျေမနပ်ဖြစ်တာကို ဖော်ပြနေပါတယ်။
"ကျန်းမာရေး အာမခံကို ငြင်းဆိုတာဟာ လူသတ်မှုပဲ၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ ဒီရာဇဝတ်မှုနဲ့ စွဲချက်မတင်ဘူး" လို့ အလှူရှင်တယောက်က ရေးသားခဲ့ပြီး၊ ဒီလူသတ်မှုဟာ "လက်ခံနိုင်တဲ့ လူသတ်မှု" လို့ ဖော်ပြခဲ့ပါတယ်။
တခြားသူတွေကတော့ "ငြင်းပယ်၊ ခုခံ၊ ပယ်ချ (Deny, Defend, Depose)" လို့ပဲ ရေးသားခဲ့ကြပါတယ်။
ဒါဟာ လူသတ်မှု ဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့တဲ့ ကျည်ဆန်ခွံ တွေပေါ်မှာ ရေးထားတဲ့ စာသားတွေဖြစ်ပြီး၊ အာမခံကုမ္ပဏီတွေက တောင်းဆိုမှုတွေကို မပေးချင်လို့ သုံးတဲ့ နည်းဗျူဟာတွေကို ရည်ညွှန်းတာလို့ ဆိုကြပါတယ်။
GiveSendGo တစ်ခုတည်းမှာပဲ ဗုဒ္ဓဟူးနေ့အထိ ဒေါ်လာ ၃၁,၀၀၀ ကျော် စုဆောင်းရရှိထား ပါတယ်။
Source: Reuters











