DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့်ထိစပ်ဒေသတွင် စစ်ရေးလုံခြုံရေး အထူးပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ညွှန်ကြား 
DVB
·
December 11, 2024
ရခိုင်နှင့်ထိစပ်ဒေသတွင် စစ်ရေးလုံခြုံရေး အထူးပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ညွှန်ကြား 
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက် သိမ်းပိုက်ခံနေရလို့ ရခိုင်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်းမှာ စစ်ရေးနဲ့ လုံခြုံရေးကို အထူးပြင်ဆင်စီမံဆောင်ရွက်ထားဖို့ တပ်ရင်းတွေနဲ့ တပ်စခန်းတွေ၊ ဌာနဆိုင်ရာရုံးတွေကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းမှူးတွေက ညွှန်ကြားထားတယ်လို့ တိုင်းအဆင့် တာဝန်ရှိသူတွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

ဧရာဝတီတိုင်းနဲ့ ကုန်လမ်း၊ ရေလမ်း၊ တိုက်ရိုက်ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့  အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီ တပ်အင်အား ၇၀၀ ထက်မနည်းရှိတဲ့ နခခ ၅ တပ်စခန်းကြီးကို AA က သိမ်းပိုက်ပြီးနောက် အခုလို အထူးသတိပေး ချက်နဲ့ ညွှန်ကြားလာပါ။

ဧရာဝတီတိုင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူက ''မနေ့ ဒီဇင်ဘာလ ၁၀ ရက် ကတည်းက အထူးညွှန်ကြား ချက်အနေနဲ့ သတိထားစောင့်ကြည့်ပြင်ဆင်ထားဖို့ အသိပေးအကြောင်းတာပါ။ တိုင်းစစ်ဘက်ကကော တိုင်းဝန်ကြီးချုပ်ဘက်ကကော ညွှန်ကြားတာ။ တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နေပြည်တော်အားကစားပွဲတော်ကနေ လှမ်းညွှန်ကြားတာ''လို့ ပြောပါတယ်။ 

လက်ရှိ AAက နခခ ၅ တပ်စခန်းကိုသိမ်းယူထားပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်း ရိုဟင်ဂျာလက်နက်ကိုင်တွေကို  အရှင်ဖမ်းဆီးထားကာ ဆက်လက်ပြီး စစ်ကောင်စီတပ်နဲ့ AA တို့ ဧရာဝတီတိုင်းထဲက ငရုတ်ကောင်းမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေ ပါတယ်။

ပုသိမ်မြို့ခံတယောက်က ''ဂေါ်ရင်ဂျီကမ်းခြေဘက် စစ်ကားတွေတအား တွေ့ရတယ်။ ချောင်းသာဘက်လည်း ၆ စီးလောက် အခုမနက်သွားတာ တွေ့ရတယ်။ ရဟတ်ယာဉ်တွေလည်း တနေ့ကုန် ပျံနေတာ မနေ့ကကော ဒီနေ့ကော။ လက်ရှိအခြေအနေအတိုင်းသာ AA က ဆက်တိုက်လာရင် ဧရာဝတီတိုင်းဘက်အထိပါ စစ်ပွဲတွေကူးစက်လာနိုင်တယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက  သာပေါင်း၊ ချောင်းသာ၊ ရေကြည်၊ ကြံခင်း၊ မြန်အောင်၊ ငွေဆောင်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ငါးသိုင်းချောင်း၊ ဘိုကလေးစတဲ့ မြို့တွေနဲ့ မြို့နယ်တွေမှာ ဒီဇင်ဘာ ၈ ရက်ကတည်းက အရင်ထက် လုံခြုံရေး တိုးမြှင့်ထားသလို တင်းတင်းကျပ်ကျပ်စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013