DVB Logo
Home
နိုင်ငံတကာ
နာမည်ကြီးဆယ်လီများပါဝင်သည့် ဂေးလ်ပါတီကို ထိုင်းရဲတပ်ဖွဲ့စီးနင်း၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ 
DVB
·
December 11, 2024
နာမည်ကြီးဆယ်လီများပါဝင်သည့် ဂေးလ်ပါတီကို ထိုင်းရဲတပ်ဖွဲ့စီးနင်း၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထောင်းလော်နယ်မြေရှိ ဟိုတယ်တခုမှာ ဆရာဝန်၊ စီးရီးသရုပ်ဆောင်၊  နာမည်ကြီး ဆယ်လီတွေပါတဲ့ ဂေးလ်ပါတီတခုကို ရဲတွေက ဝင်ရောက်စီးနင်းပြီး မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထောင်းလော်နယ်မြေ ဆုခိုဝစ် ၃၁ လမ်းထဲရှိ ဟိုတယ်ထဲမှာ အုပ်စုဖွဲ့မူးယစ်ဆေးသုံးစွဲမှုရှိကြောင်း ကြိုတင်သတင်းပေးချက်ရထားတဲ့အတွက် နခွန်းဘန်  ၅ နယ်မြေရဲ၊ အမှတ် ၁၉၁ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဒီဇင်ဘာ ၉ ရက် မနက် ၁ နာရီလောက်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ထောင်းလော်နယ်မြေရဲတပ်ဖွဲ့ တာဝန်ကျရဲမှူး ဖန်းဆာအမရာဖိထတ်က သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေရောက်သွားချိန်မှာ ကားပါကင်စောင့်နေသူတွေနဲ့  တံခါးပေါက်စောင့်သူတွေပါ ဝန်ထမ်းမဟုတ်ဘဲ အရပ်သားတွေဖြစ်နေတာကို ထိုင်းရဲက မသင်္ကာစရာတွေ့ရှိခဲ့ပါတယ်။

သတင်းရထားတဲ့ အလွှာ ၂၀ က ဧည့်ခန်းထဲမှာတော့ အင်္ကျီမပါ ကျောဗလာနဲ့ ဘောင်းဘီတိုလေးတွေသာ ဝတ်ထားကြတဲ့ အမျိုးသားတအုပ်ကြီးကို တွေ့ရတယ်၊ ဘာအဖွဲ့လဲ ဘာလုပ်နေကြတာလဲလို့ ရဲတွေမေးတော့ ဘယ်သူမှ ဘာမှမဖြေကြဘူး၊ နောက်ထပ်အိပ်ခန်းထဲကနေလည်း အလားတူ ကျောဗလာနဲ့ စုဝေးနေသူပါတွေ့တယ်၊ စုစုပေါင်း ၁၂၄ ယောက်ရှိပြီး အမျိုးသမီး ၂ ယောက်ပါဝင်ပါတယ်။ 

အားလုံးကို ဆီးစစ်ကြည့်ရာမှာ အမျိုးသား ၆၆ ယောက်နဲ့ အမျိုးသမီးတယောက်တို့ဟာ မူးယစ်ဆေးဝါးသုံးထားတယ်၊ နောက် ၃၁ ယောက်မှာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိတယ်၊ တယောက်မှာ မူးယစ်ဆေးအများဆုံးတွေ့ပြီး  ငွေလက်ခံ ကျူအာရ်ကုတ်ပါရှိတယ်၊ ဒါကြောင့် သူ့ကို မူးယစ်ဆေးဝါးအဓိကဖြန့်ဖြူးသူအဖြစ် သံသယရှိတယ်၊ ကျန် ၂၇ ယောက်မှာတော့ မူးယစ် ဆေးဝါးမတွေ့လို့ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။ 

အဲဒီအထပ်ကနေလည်း အိုက်စ်၊ ခေတမင်း နဲ့ မူးယစ်ဆေးဝါးပါ အဖျော်ယမကာတွေပါ တွေ့ရှိကာ မူးယစ်ဆေးသုံးစွဲထားသူတွေကို ဆေးဖြတ်စခန်းကိုပို့ဆောင်ပြီး မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူတွေကိုလည်း မူးယစ်ဥပဒေနဲ့ အ‌ရေးယူသွားမယ်လို့ ပြောပါတယ်။

သူတို့တွေဟာ အဖွဲ့ဝင်တယောက်ရဲ့ မွေးနေ့ပါတီကို အကြောင်းပြုပြီး အဲဒီမှာ လာရောက်ဆုံဆည်းပျော်ပါးကြတာဖြစ်တယ်၊ အင်စတာဂရမ်ထဲကနေ အချိန်းအချက် ပြုကြတယ်၊ ဒီလိုပါတီမျိုးကို ဒီဟိုတယ်မှာ ၂ ကြိမ် နဲ့ ဆာထွဏ်းနယ်မြေထဲမှာတကြိမ် စုစုပေါင်း ၃ ကြိမ်လုပ်ခဲ့ပြီးပြီလို့  အဖမ်းခံရသူတွေက ဖွင့်ဟဝန်ခံသွားပါတယ်။ 

Source: ThaiPBS / 3Plus News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013