DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စစ်ကောင်စီမူအားဖြင့် လက်ခံဟုဆို 
DVB
·
December 10, 2024
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စစ်ကောင်စီမူအားဖြင့် လက်ခံဟုဆို 
Donate to DVB

အာဏာသိမ်းစစ်ကောင်စီဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် တိုင်းရင်းသား နယ်မြေတွေမှာ ဒေသကို အခြေခံတဲ့ပြည်နယ်အသစ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသစ်တွေ ပေါ်ပေါက်ရေးအပေါ် မူအားဖြင့်လက်ခံတယ်လို့ နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိတနိုင်ငံလုံးအနှံ့မှာ တိုက်ပွဲတွေဖြစ်နေပြီး တိုင်းပြည်တည်ငြိမ်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းကို ဖွင့်ထားပေမဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  အနှစ်သာရအတိုင်းသာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ခဲ့တဲ့ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ   စိုင်းဋ္ဌေးအောင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPNC) နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ဘက်က ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ဆွေးနွေးကြတဲ့အခါမှာ အချက် ၂၁  ချက် သဘောတူထားပြီး အဲဒီအထဲမှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေး ဆွဲနိုင်ရေးဆိုတဲ့အချက်တွေကလည်း ပါရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်ကရော ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ ဘက်ကပါ တိုင်းရင်းသားတွေနဲ့ပတ်သတ်တဲ့အခွင့်အရေးတွေကို တပါတီချင်းစီအလိုက် တွေ့ဆုံဆွေးနွေးနေကြပေမဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က လက်သင့်ခံတဲ့ အချက်တွေကိုသာ ပြင်ဆင်နိုင်ရေးဆွေးနွေးနေကြတာလို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းကြည်က ပြောပါတယ်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အာဏာသိမ်းစစ်တပ်က ကိုင်စွဲထားတဲ့ NCA စာချုပ်ဟာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့အချိန်ကတည်းက ပျက်ပြယ်သွားပြီလို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဘက်က ပြောဆိုထားသလို ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တခုနဲ့ အစားထိုးဖို့အတွက်လည်း တော်လှန်ရေးအင်အားစုတွေဘက်က ဆောင်ရွက်နေပါတယ်။

အောင်သူ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013