DVB Logo
Home
နိုင်ငံတကာ
စကြဝဠာသက်တမ်းထက်ကြာမည့် ပုစ္ဆာကို ၅ မိနစ်နှင့်တွက်နိုင်သည့် ချစ်ပ်ပြား ဂူးဂဲလ် တီထွင်
DVB
·
December 10, 2024
စကြဝဠာသက်တမ်းထက်ကြာမည့် ပုစ္ဆာကို ၅ မိနစ်နှင့်တွက်နိုင်သည့် ချစ်ပ်ပြား ဂူးဂဲလ် တီထွင်
Donate to DVB

စကြဝဠာသက်တမ်းထက်ကြာအောင် တွက်ရမယ့်ပုစ္ဆာကို ၅ မိနစ်နဲ့တွက်နိုင်တဲ့ ချစ်ပ်ပြားကို  ဂူးဂဲလ်က တီထွင်လိုက်ပါတယ်။

တီထွင်လိုက်တဲ့ quantum computing ချစ်ပ်ပြားကို မိုးမခပင် (Willow) လို့ အမည်ပေးထားပါတယ်။

ဒီချစ်ပ်ပြားဟာ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာတွေတောင် နှစ်ပေါင်း တဆယ် ဆက်ပ်တီလီယံ (septillion) တနည်းအားဖြင့် နှစ်ပေါင်း ဂဏန်း ၂၄ လုံး (၁၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ကြာမယ့် တွက်ချက်မှုကို ၅ မိနစ်အတွင်း ပြီးစီးအောင် တွက်ချက်နိုင်တော့မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ Willow က လက်ရှိအချိန်မှာ စမ်းသပ်အဆင့်မှာပဲ ရှိသေးတယ်လို့ ပြောပါတယ်။

အမှန်တကယ် လက်တွေ့အသုံးပြုနိုင်တဲ့ quantum ကွန်ပျူတာတလုံး ဖြစ်လာဖို့ နှစ်အတော်ကြာပြီး ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်ကျဦးမှာ ဖြစ်ပါတယ်။

Google ရဲ့ Quantum AI ဓာတ်ခွဲခန်းကို ဦးဆောင်နေတဲ့ ဟာ့တ်မု နီဗန်က က Willow ကို လက်တွေ့အသုံးချမှုတွေမှာ သုံးသွားမယ်လို့ ပြောပါတယ်။

ဥပမာအနေနဲ့ နျူးကလီးယား ဓာတ်ပေါင်းဖို၊ ဆေးဝါးထုတ်လုပ်မှု၊ ကားဘက်ထရီတွေ ပိုကောင်းအောင် လုပ်တာတွေမှာ သုံးနိုင်မှာဖြစ်ပါတယ်။

ဒီချစ်ပ်ဟာ အမှားပြင်ဆင်မှုပိုင်းမှာ တိုးတက်မှုကြီးကြီးမားမား ရရှိထားပြီး နိုင်ငံတကာက ပညာရှင်တွေကလည်း ဒါဟာ အားတက်စရာ တိုးတက်မှုတခုလို့ လက်ခံကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013