DVB Logo
Home
မြန်မာသတင်း
နပခ မကျရေး စစ်တပ်က ခုခံနေ၊ အလံဖြူထောင်မည့် အရာရှိများကို ဖမ်းဆီးထား
DVB
·
December 7, 2024
နပခ မကျရေး စစ်တပ်က ခုခံနေ၊ အလံဖြူထောင်မည့် အရာရှိများကို ဖမ်းဆီးထား
Donate to DVB

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မကျရေးအတွက် စစ်ကောင်စီက ခုခံနေပြီး အာရက္ခတပ်တော် (AA) ဆီမှာ လက်နက်ချအညံ့ခံလိုတဲ့ အရာရှိ ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးအချုပ်ချထားတယ်လို့ နပခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) က တိုင်းစစ်ဌာနချုပ်ထဲအထိ တိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပြီး လက်နက်ချ အညံ့ခံလိုတဲ့ ဒုဗိုလ်မှူးကြီး ၂ ယောက်နဲ့ ဗိုလ်မှူး ၂ ယောက်ကို ဒီဇင်ဘာ ၆ ရက်က ဖမ်း

ပြီး အချုပ်ချထားတယ်လို့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“နပခသမိုင်းမှာ အခုတိုက်ပွဲက အဆိုးဆုံးပဲ။ သေတာတွေ၊ ထွက်ပြေးတာတွေ၊ သတင်းပေးတွေလည်းများတယ်။ AA ဘက်က သနားလို့ လက်နက်ချအညံ့ခံဖို့ပြောတယ်။ မနေ့က အလင်းဝင်ဖို့ လုပ်နေတဲ့ အရာရှိ ၄ ယောက်ကို ဖမ်းပြီးချုပ်ထားတယ်။”

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဆင်မှုကြောင့် လက်အောက်ခံတပ်များ အကုန်ကျပြီး ခွာစစ်ဆင်လာတဲ့ တပ်တွေဟာ တိုင်းစစ်ဌာနချုပ်ထဲမှာ စုပြီးခုခံနေရသလို ဒဏ်ရာရ စစ်သည်တွေလည်း များပြားတယ်လို့ နပခနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“သတင်းကိုဖုံးထားလည်း  AA က နပခ တိုင်းထဲက ရိပ်သာတို့၊ လိုင်းခန်းတွဲအထိ၊ ဝင်တိုက်နေတာ။ ကာကင်းကုန်းပြီးရင် နပခ ကျပြီ၊ ရမခပြီးတော့ နပခ ထပ်ကျတာပဲ။”

စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မကွေးအခြေစိုက် တပ်မ ၈၈ ကို စစ်ကူပို့ခဲ့ပေမဲ့ လမ်းခုလပ်မှာ ဖြတ်တိုက်ခံရတာကြောင့် စစ်ကူလုံးဝပို့လို့မရကြောင်း သူကရှင်းပြပါတယ်။

နပခတိုင်းစစ်ဌာနချုပ်ကျမှာ ကြိုသိနေတဲ့ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနဲ့ အရာရှိအချို့ကတော့ အရေးကြီးစာရွက်စာတမ်းတွေယူပြီး ပြည်နယ်အစိုးရရုံးအခြေစိုက်ရာ စစ်တွေမြို့ကို ဒီဇင်ဘာ ၃ ရက်မှစကာ ရှောင်တိမ်းနေတာဖြစ်ပါတယ်။

အာက္ခရတပ်တော် (AA) က ရခိုင်ပြည်နယ်အတွင်း မြို့ ၁၁ မြို့နယ်အထိ သိမ်းပိုက်ထားပြီး လက်ရှိအခြေအနေမှာ နပခတိုင်းစစ်ဌာနချုပ်ရရှိရေးအတွက် ဆက်လက်တိုက်ခိုက်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013