DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း၏ဇနီး ဘွတ်ရှ်ရာခန်းကို တရားရုံးက ဖမ်းဝရမ်းထုတ်
DVB
·
December 7, 2024
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း၏ဇနီး ဘွတ်ရှ်ရာခန်းကို တရားရုံးက ဖမ်းဝရမ်းထုတ်
Donate to DVB

ပါကစ္စတန်တရားရုံးဟာ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ဇနီး ဘွတ်ရှ်ရာ ဘီဘီကို လာဘ်စားမှုနဲ့ ဒီဇင်ဘာလ ၅ ရက်က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ဒေသတွင်း ရုပ်မြင်သံကြား ARY News မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ ထောင်ကနေ အာမခံနဲ့လွတ်မြောက်လာအပြီး ၂ လအကြာမှာ ပြန်ဖမ်းဆီးဖို့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ 

ဘွတ်ရှ်ရာ ဘီဘီ လို့ အများသိကြတဲ့ ဘွတ်ရှ်ရာ ခန်းဟာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အထိ သူ့ခင်ပွန်းရဲ့ ဝန်ကြီးချုပ်ရာထူး သက်တမ်းအတွင်းမှာ နိုင်ငံတော် လက်ဆောင်ပဏ္ဏာတွေကို တရားမ၀င်ရောင်းချမှုနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နေရဆဲ အမှုတခုအတွက် ၉ လကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလကမှ အကျဉ်းထောင်ကနေ ပြန်လွတ်လာတာပါ။ 

လက်ရှိထောင်ကျနေပြီး တခြားတရားခွင်တွေကို စောင့်ဆိုင်းနေရဆဲ အင်မရန်ခန်းနဲ့ ဘွတ်ရှ်ရာ ဘီဘီ တို့ ၂ ဦးစလုံးဟာ အင်မရန်ခန်း ဝန်ကြီးချုပ်သက်တမ်းအတွင်း ရရှိခဲ့တဲ့ ရူပီးသန်း ၁၄၀ ကျော်တန်ဖိုးရှိ လက်ဆောင်တွေကို ရောင်းချခဲ့ကြောင်း စွပ်စွဲခံထားရပြီး သူတို့ ၂ ယောက်စလုံးကတော့ စွဲချက်တွေကို ငြင်းဆိုကြပါတယ်။ 

အသက် ၅၀ အရွယ် ဘီဘီဟာ ပြီးခဲ့တဲ့လက ကြီးမားတဲ့ ဆန္ဒပြပွဲတွေအတွင်း အင်မရန်ခန်းကို ပြန်လွှတ်ပေးဖို့ သူ့ရဲ့ (PTI) ပါတီမှ ထောက်ခံသူ ထောင်ပေါင်းများစွာကို စည်းရုံးခဲ့တာပါ။ 

အရန်တပ်ဖွဲ့က အစ္စလာမ်မာဘတ်မှာ ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ပြီးနောက်မှာ ဘီဘီဟာ PTI ပါတီ အုပ်ချုပ်တဲ့ အနောက်မြောက်ပိုင်း ခိုက်ဘာ ပက်ရှ်တွန်ခွာ ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

အစ္စလာမာဘတ်ရှိ တရားရုံးဟာ ဒီဇင်ဘာ ၅ ရက်က ဘွတ်ရှ်ရာ ဘီဘီရဲ့ နာမည်တပ်ပြီး ဖမ်းဝရမ်းအသစ်ထုတ်ခဲ့ကြောင်း ARY News သတင်းမှာ ဖော်ပြပါတယ်။ 

သူ့ကိုဖမ်းဆီးဖို့အတွက် နိုင်ငံတဝန်း တရားစီရင်ပိုင်ခွင့်ရှိနေတဲ့ ပါကစ္စတန်ရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီဖြစ်တဲ့ အမျိုးသား တာဝန်ခံမှုဗျူရို (NAB) ကို အခွင့်အာဏာ ပေးအပ်နိုင်တယ်လို့လည်း ဆိုပါတယ်။ 

ဆန္ဒပြပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ရာနဲ့ချီတဲ့ ထောက်ခံသူတွေ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး ခန်းရဲ့ပါတီက အထောက်အထား ချက်ချင်း မပြနိုင်ပေမဲ့ လူတဒါဇင်နီးပါး သေဆုံးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အစိုးရကတော့ ဒါကို ငြင်းဆိုထားပြီး ဘယ်ဆန္ဒပြသူတွေမှ အသတ်မခံရဘူးလို့ ပြောထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013